အပိုင်း ၈၉
သူတို့က ဇီစိမ်းဟင်းရည်တစ်ခွက်တည်းအတူသောက်ခဲ့တယ်ပေါ့... "
ဧကရာဇ်၏စကားလုံးများသည် အန်ရုံ၏ရင်ထဲသို့ ရေခဲတောင်ကြီးပြိုကျလာသလိုပင်။ သူမအံကိုကြိတ်လျက်ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်သခင်..."
"ဟမ့်" အေးစက်သောထေ့ငေါ့သံနှင့်အတူ ဧကရာဇ်၏လက်ထဲမှစုတ်တံပင်လျှင် နှစ်ပိုင်းကျိုးသွားခဲ့သည်။ထို့နောက် သူ၏၀တ်ရုံစကိုေ၀့ယမ်းလျက် ထရပ္ကာထြက္လာတော့သည်။
ကိုယ်လုပ်တော်လီအတွက်အမှန်တကယ်စိုးရိမ်မိသဖြင့် လင်းရှောင်လည်းဧကရာဇ်အလာကိုစောင့်လျက် ကိုယ်လုပ်တော်လီထံသွားလည်ခွင့်ပြုရန်ခွင့်တောင်းဖို့စဉ်းစားလိုက်သည်။
သူတွေးနေစဉ်မှာပင် ဧကရာဇ်လျှောက်လမ်းလာသည်ကို လင်းရှောင်တွေ့လိုက်ရသည်။ လင်းရှောင်အပြုံးကိုအလျင်အမြန်ဆင်မြန်းလျက် ထရပ်ကာကြိုဆိုလိုက်သည်၊
"အရှင့်ကိုသတိရနေတုန်းမှာပဲ အရှင်ရောက်လာတယ်နော်..."
ထိုစကားလုံးလေးများမှာ တိမ်တိုက်မည်းတို့ကိုထိုးခွဲလျက်ထွက်ပေါ်လာသော နေရောင်ခြည်လေးကဲ့သို့ပင်။ သူသည်လင်းရှောင်အားနူးညံ့စွာကြည့်လျက်မေးလိုက်သည်။
"ကိုယ်တော့်ကို သိပ်လွမ်းနေသလား"
လင်းရှောင်အပြုံးဖြင့်ခေါင်းငြိမ့်လိုက်ကာ
"ဒါပေါ့ လွမ်းတာပေါ့"
ထိုတောက်ပသောအပြုံးလေးက ဧကရာဇ်၏နှလုံးအား တစ်ချက်ဆောင့်ခုန်သွားစေသည်။ သူ၏နှလုံးသားထဲမှဒေါသများကလည်းပျော်ကျသွားတော့သည်။
မေ့လိုက်တော့
ဧကရာဇ်တိုးဖျော့စွာသက်ပြင်းချလိုက်သည်။ သူကငူကယ်ရာမဲ့နေသောမျက်၀န်းများဖြင့် လင်းရှောင်၏လက်ကိုဆွဲလျက် စားပြဲသို့လျှောက်သွားလိုက်သည်။
"မင်းဗိုက်ဆာနေရောပေါ့ စားရအောာင်"
လင်းရှောင်ကခပ်သာသာလေးတွန်းကာဖယ်လိုက်ပြီး
ဧကရာဇ်သည်သူ့အားနားမလည်စွာကြည့်လာခဲ့သည်။
"အရှင်ကျွန်တော်မျိုးမဆာသေးပါဘူး"
YOU ARE READING
💜လက်စားပဲချေမှာမဂေးဘူး💜
General Fiction#လက်စားပဲချေမယ်မဂေးဘူး ဇာတ်လမ်းမိတ်ဆက် လင်းရှောင်ဆိုတဲ့လူငယ်လေးက မိုရွှီလို့ခေါ်တဲ့မိန်းကလေးတစ်ဦးကိုတိတ်တခိုးချစ်မိနေခဲ့သည်။ သို့သော် သူတို့နှစ်ဦးလုံးသည် မတော်တဆမှုတစ်ခုကြောင့် ရှေးခေတ်ကအချိန်တခုကို ရောက်ရှိလာကြသည်။ မိုရွှီကမူ ဒီရှေးခေတ်ကိုရောက်လာပြ...