လက်စားပဲချေမှာမဂေးဘူး

Start from the beginning
                                    

သူပြုံးနေမိစဉ် စားပြဲတွင်ထိုင်လျက် အရေးကိစ္စစာလိပ်များကိုဖြေရှင်းနေသော ဧကရာဇ်အားတွေ့လိုက်ရတော့သည်။

လင်းရှောင်ရောက်လာသည်ကိုမြင်လျှင် သူကသတိလက်လွတ်မေးလိုက်သည်။

"ဘာကြောင့်အဲသလောက်ပြုံးနေရတာလဲ"

"စိတ်၀င်စားဖို့ကောင်းတဲ့သူနှစ်ယောက်နဲ့ဆုံခဲ့လို့ပါ၊ "

နှစ်ဦးတည်းရှိချိန်တွင် လင်းရှောင် ဧကရာဇ်အားအရိုအသေမပေးသည်ကိုအကျင့်ဖြစ်နေခဲ့ပြီဖြစ်ကာ ဧကရာဇ္နံဘေးသို့တိုက်ရိုက်လျှောက်သွားလိုက်သည်။လင်းရှောင်မှာဖုံးကွယ်ထားဖို့ရည်ရွယ်ချက်မရှိပဲ ဧကရာဇ်အားပွင့်လင်းစွာပင်ပြောလိုက်သည်။

"သူတို့ထဲကတစ်ယောက်ကို အရှင်ကောင်းကောင်းရင်းနှီးပါတယ်..."

ဧကရာဇ္ကခေါင်းမော့မလာသော်လည်း အလုပ်လုပ်ရင်းကပင်ဆက်မေးလိုက်သည်။

"ဘယ္သူလဲ"

"ကိုယ်လုပ်တော်လီပါ" လင်းရှောင်ပြုံးလျက်ဆိုလိုက်သည်။

ဧကရာဇ်၏ စုတ်တံကိုင်ထားသောလက်မှာတန့်သွားပြီးသူ့အားကြည့်လာခဲ့သည်။

"မင်းကိုအနှောင့်အယှက်ပေးလို့လား"

လင်းရှောင်မျက်ခုံးပင့်မိလျက် ပြုံးကာ

"မဟုတ်ပါဘူး၊ ဘာလို့မေးတာလဲ..."

ဧကရာဇ်သည်ခေါင်းကိုပြန်ငုံ့လျက် စုတ်တံအားပြန်လည်လှုပ်ရှားလိုက်တော့သည်။

" သူမ မလုပ်ရင်ကောင်းတယ်"

လင်းရှောင် တန့်သွားမိကာ အရှင့်၏ပူပန်ပေးမှုလေးကြောင့် ရင်ထဲနွေးထွေးသွားရသည်။ သူသည် သတ္တိကိုစုစည်းလျက် ဧကရာဇ်၏ပါးပြင်အားရွှတ်ခနဲနမ်းလိုက်ပြီး အကြည့်ကိုရှောင်လွှဲကာဆိုလိုက်သည်။

"ကျွန်တော်မျိုး အရှင့်ရဲ့မနက်စာကိုသွားစစ်ဆေးလိုက်ဦးမယ်"

ဧကရာဇ်မှာ လင်းရှောင်ပါးပြင်မှနားဖျားလေးအထိပန်းရောင်သန်းနေမှုကိုမြင်ရလျှင်ထရပ်ကာ လက်းရှောင်ထွက်မသွားနိုင်ရန်ဆွဲထားလိုက်သည်။ ထို့နောက်ရင်ခွင်ထဲသို့ဆွဲဖက်လိုက်လေသည်။

💜လက်စားပဲချေမှာမဂေးဘူး💜Where stories live. Discover now