အပိုင်း ၂၀

Start from the beginning
                                    

"မင်း အချိန်ဘယ်လောက်ကြာကြာ လိုအပ်လဲ"  ချင်ကောက မေးလိုက်သည်။

ဝူထုန် ကြောင်တောင်တောင်နေခဲ့သည်။  အချိန်အတော်ကြာပြီးနောက် သူမက လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်အနည်းငယ်လိုအပ်ကြောင်း ကော်ဖီဆိုင်မှာ ချင်ကောကို ပြောပြခဲ့တာကို ပြန်သတိရလာသည်။  သူမ အချိန်ဘယ်လောက်ကြာကြာ လိုအပ်ပြီး အဲ့တာက“မှန်တယ်” လို့ ခံစားရမယ်ဆိုတာ သူမသေချာမသိပေမယ့် ချင်ကောကို စောင့်ခိုင်းရတာကတော့ သူ့အတွက် တကယ်မတရားဘူး။  နောက်ဆုံးတော့ သူ့မှာ ပြင်းပြတဲ့ ဆန္ဒရှိတယ်။

“ကျွန်မ…”

“တစ်လ… ဒီလအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အချိန်ပိုပေးကြရအောင်”  ချင်ကောက "ကိုယ်တို့ရဲ့ ဟန်းနီးမွန်းခရီးမှာ သီးခြားစီခွဲမအိပ်ချင်ဘူး" ဟု ပြောကာ ရှာဖွေသောအကြည့်ဖြင့် ဝူထုန့်မျက်​ဝန်းတွေကို ကြည့်လိုက်သည်။

ဝူထုန်က ဘယ်လိုတုံ့ပြန်ရမလဲကို သေချာမသိပေမယ့် ချင်ကောက အလွန်ရက်စက်တဲ့ တောင်းဆိုမှု မလုပ်ကြောင်း သူမ သိသည်။ အဆုံးတွင် သူမ ခေါင်းညိတ်လိုက်သည်။

နောက်ဆုံး ချင်ကော ဝူထုန့်ကို လွှတ်ပေးတဲ့အခါ ရွှင်မြူးနေသည့် ခံစားချက်မျိုး ရှိနေပုံရသည်။  သူက ပြုံးပြီး "မင်းကို အိမ်ပြန်ပို့ပေးမယ်"

ချင်ကောက သူ့ဆိုင်ကယ်ကိုစီးပြီး သူမရဲ့ တိုက်ခန်း အဆောက်အဦးတံခါးဝမှာ ချပေးခဲ့သည်။  ဝူထုန်က လှေကားဘေးတွင် ရပ်ကာ အဝေးမှ သူ့ပုံသဏ္ဍာန်ပျောက်သွားတာကို ကြည့်ခဲ့သည်။  နေရောင်မှိန်မှိန်မှိန် နေဝင်ရီတရောဖြစ်နေသည့်နေရောင်က သူမ အပေါ်ကျရောက်နေကာ သူမကို အနည်းငယ်အားနည်းနေပုံပေါ်စေသည်။

ဘဝက မင်းလိုချင်တဲ့လမ်းကို ဘယ်တော့မှမသွားဘူး။  မင်းရဲ့လက်ရှိဘဝကို ကျေနပ်တယ်ဆိုရင် အဲဒါက မင်းရဲ့ပုံစံကို “ကြိုက်” ချင်တဲ့ ဆန္ဒကြောင့်ပဲ။ ဒီအချိန်မှာ ဝူထုန်အတွက် အဲ့တာက ဘယ်လိုမျိုးလဲ။ သူမ ချင်ကော ကို အခွင့်အရေးပေးလိုတဲ့စိတ်ရှိခဲ့သည်။

အပြောင်းအလဲနှင့် လိုက်လျောညီထွေရှိတာက အမြဲနာကျင်စေသည်။  သူမရဲ့ ကြိုးစားအားထုတ်မှုတိုင်းက အဆုံးမှာ သူမကို ပျော်ရွှင်စေလိမ့်မယ်လို့ မျှော်လင့်တယ်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now