အပိုင်း ၁၅

Start from the beginning
                                    

"နင် အခုရယ်ချင်ရယ်ထား နောက်နှစ်အတွက် နင် ပြင်ဆင်ရတော့မယ်"  ဝူထုန်က အချိန်ကို ကြည့်လိုက်သည်။  " ရှောင်ခိုင်ကို သွားကြည့်လိုက်အုံးမယ်"

ဝူထုန်က ရှောင်ယွမ်ရဲ့ လူနာခန်းမှ ထွက်ခွာသွားပြီး သူမ၏ ဒုတိယဦးလေးက ဝူခိုင်အတွက် သီးသန့်ထားရှိသော VIP လူနာခန်းဆီ လျှောက်သွားခဲ့သည်။  တံခါးဝကို ရောက်တဲ့အခါ သူမ ဒုတိယ အဒေါ်ရဲ့အသံကို ကြားလိုက်ရသည်။  ဝူထုန် တံခါးခေါက်ပြီး တံခါးကိုတွန်းပြီး ဝင်မလာခင် ဒုတိယအဒေါ် ရဲ့စကားဆုံးအောင် စောင့်နေလိုက်သည်။

"ဒုတိယအဒေါ်၊ အစ်မဝမ်းကွဲ၊ ကျွန်မ ရှောင်ခိုင်ကိုလာကြည့်တာပါ " ဝူထုန်က ပြုံးလျက်ပြောလိုက်သည်။

"ဒုတိယအစ်မ ရောက်လာပြီလား။  လိမ္မော်သီးစားဦးမလား"  ဝူခိုင်က သူ့မိခင်ရဲ့ အကြည့်ကို သတိမထားမိသလို ဟန်ဆောင်ကာ အခွံခွာထားသော လိမ္မော်သီးကို ဝူထုန်ဆီ ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်" ဝူထုန်က လိမ္မော်သီးကို လက်ခံခဲ့ပေမယ့် မစားခဲ့ပေ။ အဲဒီအစား သူမ မေးတာက “မနက်ဖြန် ခွဲစိတ်မှုလုပ်ရတော့မယ်နော်။ အဆင်ပြေရဲ့လား"

"သူ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ နင့်ရဲ့သွေးတွေကို နာရီအနည်းငယ်ကြာအောင် ထုတ်ခံရပြီးတော့မှ ဘယ်လိုနေလဲဆိုတာ ငါ့ကိုပြောပြကြည့်လိုက် "  ဝူကျစ်ကျစ်က လေသံမာဆက်ဆက်နဲ့ ပြောခဲ့သည်။

"အစ်မ ဘာတွေလျှောက်ပြောနေတာလဲ " ဝူခိုင်က တုံ့ပြန်လိုက်သည်။  “လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကမှ သွေးဖောက်တာ ပြီးသွားတာ။ ကျွန်တော့်ရဲ့ ရိုးတွင်းခြင်ဆီထဲက သွေးထုတ်ပေးတဲ့ ပင်မဆဲလ်တွေကို ခွဲထုတ်ဖို့အတွကိ ကျွန်တော့်ရဲ့သွေးကိုထုတ်ယူဖို့လိုတယ်လို့ ဒေါက်တာက ကျွန်တော်တို့ကို ပြောထားပြီးသား။ အသေးစိတ်အချက်အလက်တွေကိုတော့ ကျွန်တော် သေချာ သိပ်မသိပေမယ့် ဒေါက်တာက အန္တရာယ်ကင်းတယ်လို့ ပြောထားပြီးသားပါ။ နောက်ကျရင် သွေးအားပြန်ဖြည့်ဖို့ ဝက်အသည်း စားဖို့တော့ လိုတယ် ”

"မာမီ နောက်မှ မင်းရဲ့သွေးကို ကောင်းကောင်းဖြည့်ပေးပါ့မယ် " ဝူထုန့် ဒုတိယအဒေါ်က စိတ်နှလုံးပူဆွေးကာ ပြောခဲ့သည်။

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now