လက်စားပဲချေမှာမဂေးဘူး

Start from the beginning
                                    

ရှောင်လိဇီ အံ့ဩပြီးနောက် ချက်ချင်းပင် ပျော်ရွှင်သွားသည်။
" ဒါဆိုရင် အထိန်းတောင်လင်းနဲ့ မင်းကြီးက နောက်ဆုံးတော့ ..."

ရှောင်လိဇီ၏ မျက်နှာတွင် အပြုံးပန်းများဝေနေပြီးနောက် လင်းရှောင်ကို ပြုံးစိစိဖြင့်ကြည့်လာသဖြင့် လင်းရှောင် ကြက်သီးထလာပြီး သူ့ကိုဖြည်းဖြည်းကန်လိုက်သည်။

" မင်းတစ်ယောက်ပဲ ပျော်နေလိုက် ... သိတယ်ဆိုလည်း တစ်ခြားလူတွေ ခေါ်ပြီးထွက်သွားတော့ ..."

ထိုစကားကိုကြားသည့်အခါ ရှောင်လိဇီ ခေါင်းခါပြလိုက်သည်။

" ကျွန်တော်မျိုးတို့ အဲ့လိုလုပ္လို့မရပါဘူး ... အရှင်မင်းကြီးက သူ့ရဲ့ကိုယ်ပိုင် ချင်းနန်းဆောင်မှာပဲ အနားယူရင်တောင် ကျွန်တော်မျိုးတို့ အစေခံတွေက တစ်ညလုံးစောင့်ကြပ်ရပါတယ် ... အဲ့လိုမလုပ်ရင် အေစခံအားလုံး အနားယူသြားလို့ အရှင်မင်းကြီးတစ်ခုခု လိုချင်ရင် ဘယ္လိုလုပ္မလဲ ..."

မျက်နှာတွင် သံသယများဖြင့် ပြည့်နေသည့် ရှောင်လိဇီကို လင်းရှောင်စိုက်ကြည့်လိုက်သည်။ သူက လင်းရှောင်၏နောက်မှနေ၍ အခန်းထဲသို့ကြည့်ချင်သော်လည်း လင်းရှောင်၏ ခန္ဓာကိုယ်က ပိတ်ရပ်ထားသဖြင့် မမြင်ရပေ။

သံသယက ပို၍ကြီးထွားလာသဖြင့် ရှောင်လိဇီ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအခါ လင်းရှောင်က သူ၏ခါးကြားထဲမှ အမိန့်ပြားကိုထုတ်ပြီး အေးစက်စက်ပြောလိုက်သည်။

" ဘာလဲ ... မင်းတို့က အထိန်းတော်တစ်ယောက်ရဲ့ စကားကို မယုံရင်တောင် မင်းကြီးပေးလိုက်တဲ့ အမိန့်ပြားကိုတော့ ယုံသင့်တယ်လေ ဟုတ္တယ္မလား ..."

ရှောင်လိဇီ ခေါင်းမော့ကြည့်လိုက်သည့်အခါ ရွှေရောင်အမိန့်ပြားကို မြင်လိုက်သည်။ မီးရောင်အောက်တွင် ၎က တလက်လက်တောက်ပနေသဖြင့် သူ့ကိုလန့်သွားစေသည်။ ရှောင်လိဇီက လင်းရှောင်ရှေ့တွင် ဒူးထောက်လိုက်သည်။

" ကဲ မြန်မြန်ထွက်သွားတော့ ..."

" ကျွန်တော်မျိုး သိပါပြီ ..."

ရှောင်လိဇီက အချိန်ဆွဲမနေတော့ပဲ အခြားလူများကိုခေါ်ကာ ထွက်သွားသည်။

💜လက်စားပဲချေမှာမဂေးဘူး💜On viuen les histories. Descobreix ara