"အာ...အဲ့လိုလား သူphကအခုဘယ်barမှာလဲ လာယူပါမယ်"

"*******"

"ဟုတ်ကဲ့ပါ အခုလာခဲ့ပါမယ် ကျသင့်တာတွေလဲရှင်းပါမယ်"

ထယ်ယောင်း ကားကိုအမြန်မောင်းကာ Jungkookရန်စဖြစ်တဲ့ barကိုထွက်လာလိုက်တယ် သူကိုဆရာဝန်က ကားမမောင်းရတော့ဘူး မှာထားတယ် အကြောင်းက ယောင်္ကျားလေး ကိုယ်ဝန်သည်ဖြစ်တာမို့ နည်းနည်းလေးမှ အထိခိုက်မခံရဘူးဆိုပြီး မှာထားတယ် ဒါကြောင့်အခုရက်ပိုင်း သူအပြင်သွားလဲ Driverနဲ့သွားတာများတယ် ယူတာ လပိုင်းရှိသေးပင်မဲ့ ကလေးယူရင် မိန်းကလေးလို အလွယ်တကူမရတာကြောင့် ကြိုတင်စီစဉ်ရတာ အခုမှသုတ်ပိုးဘာညာနဲ့ လုပ်တုန်းဆိုပင်မဲ့ သူကအထိခိုက်ခံလို့မဖြစ်ဘူးလေ

ဒါတွေထားပါ အခုကကိုယ်ဝန်လဲမဆောင်ရသေးတော့ barကိုအမြန်မောင်းသွားလိုက်တယ် ဟိုရောက်တော့Kookie phကို ယူပြီး ကျသင့်သလောက်စရိတ်တွေအကုန်ရှင်းပြီး ရဲစခန်းကိုအမြန်လိုက်သွားလိုက်တယ်

ရဲစခန်းရောက်တော့ ထယ်ယောင်းဒေါသက
ငယ်ထိပ်ကိုတက်လာသည်

"Jungkook!"

"ကိုကိုလာပြီးလား"

"မင်းမျက်နှာကဘာဖြစ်တာလဲ ဟမ်!"

"အာ...ရန်ဖြစ်တာဆိုတော့ ဒီလောက်တော့ ထိမှာပေါ့ကိုကိုရ"

"ဘာကိုဒီလောက်လေး တခြမ်းလုံးစုတ်ပြတ်သတ်နေတာကို ငါယူထားတဲ့မင်းကရော လက်မပါဘူးလား ဟမ်"

"ပါတယ်လေ အဲ့ကြောင့်နှစ်ဖက်လုံး ရဲစခန်းရောက်တာလေ"

"ဘယ်မှာမင်းနဲ့ဖြစ်တဲ့အဖွဲ့"

"ဟိုဘေးမှာထိုင်နေတဲ့အဖွဲ့"

ထယ်ယောင်းလဲသူတို့နားသွားကြည့်တော့ ဒဏ်ရာကသိပ်မများပေ ဒါပင်မဲ့ Jungkookကို ထိတဲ့အတွက် သူမကျေနပ်ပါ

"မင်းတို့ကိုဘယ်လောက်လျော်ပေးရမလဲ ပြော"

"ဝမ်း1သိန်း"

"ဘယ်လို ဒီလောက်လေးကို1သိန်း ငွေမမြင်ဘူးတာ သိပ်သိသာတယ် ပါးစပ်အရသာခံပြီး ကြီးကြီးကျယ်ကျယ်တွေမပြောနဲ့"

"ခင်ဗျာလူကအရင်စထိုးတာ မယုံရင်barက
cctvသွားကြည့် ပြောတဲ့တိုင်းမလျော်ရင် တရားစွဲမှာ"

Step-Brother⚠️ [Completed]Where stories live. Discover now