Part -21

1.1K 84 20
                                    


# Unicode #

ဆေးရုံရှေ့ရောက်တော့ သူတို့ ကားပေါ်မှ ကပြာကယာ ဆင်းလိုက်ကြ၏။

ထယ်ယောင်းက သားကို ပွေ့ချီထားပြီး ဂျောင်ဂုက ဘေးကနေ ထပ်ကြပ်မကွာ လိုက်လာသည်။

"လာ...ထယ်ယောင်း...ကလေးကို ဒီပေါ်တင်လိုက်..."

အွန်းယောင်း ၊ဦးလေး လီနဲ့ ဒေါက်တာ အချို့ က ဆေးရုံအဝင်ဝမှာ ဘီးတပ် ကုတင်နဲ့ စောင့် နေပြီး...သူတို့ ကိုတွေ့တော့ အွန်းယောင်းက ပြောသဖြင့် ထယ်ယောင်းကလေးကို တင်၍ ဘေးကနေ သူတို့ အတူလိုက်သွားကြ၏

အရေးပေါ်အခန်းထဲရောက်တော့ သူတို့ကို လိုက်ဝင်ရန် တားကြသည်။

"မမ...ကုကီး..သားလေးကို...ကယ်ပေးပါ..."

ကုကီး လက်နှစ်ဖက်ကို ပွတ်၍ မမကို အကူအညီတောင်းနေမိ၏။

"မမ...အကောင်းဆုံးလုပ်ပေးမယ်...ဒီမှာစောင့်နေနော်..."

အွန်းယောင်း ဂျောင်ဂုကို ပြောပြီး ကာကွယ်ရေးဝတ်စုံ ဝတ်ကာ အရေးပေါ် အခန်းထဲ ဝင်သွားသည်။

ထယ်ယောင်း၊ဂျောင်ဂုတို့ကတော့ အရေးပေါ် အခန်းရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေကြပြီး နမ်ဂျင်း၊ယွန်မင်း၊ဟိုဆော့၊ဦးလေးလီနှင့် ကင်မ်ဆိုရာတို့က အရေးပေါ်ခန်းရှေ့ ထိုင်ခုံမှာ ထိုင်၍ ဆုတောင်းပေးနေကြ၏။

ဘေးနံရံက မှန်ဖြစ်သဖြင့် အထဲက မြင်ကွင်းများကို အတိုင်းသား မြင်နေရသည်။

သူတို့ အထဲမှာ ယောင်းလေးကို CPR လုပ်နေတာ တွေ့သဖြင့် အားလုံး မှန်နားကို ရောက်သွားကြ၏။

CPR မရတော့ နှလုံးနှိုးစက်နဲ့နှိုးနေကြသည်။

"ဟင့်...သား... သား...အားတင်းထားနော်....ပါးပါး....ရှိတယ်...ဟင့်...."

ထယ်ယောင်းမှာလည်း ငိုချင်သည်ကို မထိန်းထားနိုင်တော့ ဘဲ ငိုကြွေးနေမိ၏။

*ဟင့်...ဒီ...ဒီ...နေ့မှ...သား...လေးမှန်း...သိတာလေ....ဒယ်ဒီတို့ဆီကနေ....ထွက်မသွားပါနဲ့....*

ဂျီမင်နဲ့ ဂျင်က သက်ဆိုင်သူများ၏ ရင်ခွင်မှာ ငိုနေသလို သူတို့ သက်ဆိုင်သူများကလည်း သူတို့ကို ဖက်ကာ ငိုနေကြသည်။

Perfect Life Happy Family (Complete )Where stories live. Discover now