Part -19

1K 81 18
                                    


#Unicode #

"အွန်း‌လေးတို့ ဦးလေးလီ ငြင်းမရအောင် သက်သေရှာရမယ်....

"ဘယ်လိုရှာမှာလဲ... အွန်းလေး...."

"ကုကီး ထွက်သွားတုန်းက ဦးလေး လီရှိလား...."

"ဟင့် အင်...သူ့အမ နေမကောင်းလို့ ပြန်သွား တာ..."

အွန်းယောင်း ..ဂျီမင် အဖြေ ကြောင့်...စဉ်းစားနေသည်။

" ဦးလေးလီ ...အဲ့ အချိန်က သူ့အမဆီ ပြန်တာ ကားနဲ့လား ရထားနဲ့လား..."

"ဦးလေးလီက ကားနဲ့ အမြဲ ပြန်နေကြ ...သူက ဆိုလ်း ကားဂိတ်ကနေ အမြဲ လက်မှတ်ဖြတ်ပြန်တာ ...အွန်းယောင်း ပြောမှ သတိထားမိတယ်....ဦး လေး လီ က သူ့အမဆုံးသွားတာတောင် ရွာကို ငါးလ တစ်ခါလောက် ပြန်တတ်တယ်...ဘာကြောင့် ပြန်တာပါလိမ့်..."

" သူသွားတဲ့ ကားဂိတ် CCTV ကို သွားစစ်ရင်တစ်ခုခုထူးမယ်ထင်တယ် ကူကီး ထွက်သွားတဲ့ နေ့နဲ့ အချိန် ကို မှတ်မိလား.."

"အင်း မှတ်မိတယ် အချိန်က ကျွန်တော်တို့ CCTV မှာ ကြည့်လို့ရတယ်...."

ထယ်ယောင်းပြောပြီး လက်တော့ပ်စ် နဲ့ CCTV ကိုချိတ်ကာ ကုကီးထွက်သွားတဲ့ နေ့ကိုပြလိုက်၏။

သူတို့လည်းအချိန်ကို သေချာမှတ်လိုက်ကြ၏။

------------------------------------------------------

"ပါးပါး ယောင်းလေး ဖွား ဖွား ဆွန်း စတော်ဘယ်ရီ ခင်းထဲမှာ စတော်ဘယ်ရီ ခူးလို့ရလား..."

လယ်ထဲ ဆင်းသည့် ဦးထုပ် လေးကို ဆောင်းကာ အဝါရောင် ချည်သား အင်္ကျီလေးဝမ်းဆက်နှင့် တောစီးဖိနပ်ရှည်လေးဝတ်ထားသည့် ‌ယောင်းလေးက အရမ်းချစ်စရာကောင်းနေသည်။

အသားဖြူဖြူလေးက နေရောင်ကြောင့် ပန်းရောင်သန်းကာ ပါးမို့မို့လေးတွေက နီရဲနေ၏။

"ပါးပါး ကခွင့်ပြုတယ်..ဖွားဖွားဆွန်း ကို ပြော..."

သူပြောတော့ ယောင်းလေးက ဖွားဖွား ဆွန်းကို purple eye လေးတွေနှင့် ကြည့် လိုက်တော့ ဖွားဖွားဆွန်းအသည်းယားပြီလေ....။

"ခွင့်ပြုပါတယ်...လုပ်ပြနေတာလေးကိုက ပါးစပ်ထဲထည့် ငုံချင်အောင်လို့...သွားပါရှင် စားချင်သလောက်သာခူး..."

Perfect Life Happy Family (Complete )Where stories live. Discover now