အပိုင်း(၁၉)

3.5K 182 7
                                    

             နေ့လည်ထမင်းစားနားချိန်မို့ ကျန်းချန် သူ့ဖုန်းလေးအားဖွင့်လို့ကြည့်မိသည်။တစ်မနက်လုံး သူ့ဆေးခန်းမှာလူကျနေတာမလို့ နေ့လည် ၂နာရီရောက်မှသာ သူအနားယူနိုင်၏။

                      ဒေါက်တာ ချန်ဆိုတဲ့ သူ့အကောင့်လေးထဲကို ဝင်မိသည်နှင့် notiပေးသည့် အသံနှစ်သံဟာ သူ့အကောင့်ထဲကို ရှေ့ဆင့်နောက်ဆင့်နဲ့ဝင်လာပါ၏။

                ကျန်းချန် မျက်မှောင်လေးကြုံ့လို့ကြည့်မိပြန်ပါ၏။အနက်ရောင် ပရိုဖိုင်နဲ့  ဒီအကောင့်။နောက်တစ်ခေါက် စာပို့လာပြန်၏။ဒီတစ်ခါတော့
စာတို့မဟုတ် ဟော်တယ်တစ်ခုလို အခန်းတွင်း
အပြင်အဆင်တစ်ခုအား အသေအချာဆွဲထား
သည့် ဒီဇိုင်းပုံတစ်ခုပင်။

              ထိုပုံတွေက မိမိအလုပ်နှင့် လားလားမှမသက်ဆိုင်။ထိုသူ လူမှား၍ပို့သည်ဆိုပြန်တော့
လဲ acc nameကစလို့ Doctorဆိုတဲ့ သူ့ဘွဲ့အမည်
အား တပ်လို့ထားပါ၏။

             ဒေါက်တာချန်ဆိုတဲ့သူ့ အကောင့်က ဆေးပညာ အသိတစ်ချို့အားဝေမျှဖို့ရာ ဖွင့်ထားသည်မို့ မိမိရဲ့Wallထဲ ဝင်ကြည့်ရုံနဲ့ မိမိအကောင့်က နောက်စရာတစ်ခုမဟုတ်မှန်းလည်း ထိုသူသိသင့်သည်လို့
တွေးလိုက်မိ၏။သူတွေးနေသည့်အခိုက်မှာ ထိုအကောင့်ရဲ့မီးစိမ်းလေးပြန်တက်လာတာကို ကျန်းချန်မြင်လိုက်ရပါ၏။

           သူအချိန်တစ်ခုစောင့်လိုက်သည်။သူပို့သမျှကို မိမိSeenပြပီးပီးဆိုတော့ ထိုသူဘာဆက်ပို့မလဲ။ မိမိအသိဆိုလည်း ဘယ်သူ ဘယ်ဝါလို့တော့ ပေါ်ပေါ်ထင်ထင်ပြောသင့်ပါ၏။

          သို့သော် ထိုသူဘာမှဆက်မပို့လာ။လိုင်းပေါ်မှာ ရှိပေမဲ့မိမိလိုပဲ သူလဲငြိမ်သက်နေပါ၏။

             လွန်ခဲ့တဲ့ ၂လက သူ့ဆီကို ထို့အကောင့်က
ကယ်ပါ ကူပါဆိုပြီး စပြီးတော့ လာHiသည့်နေ့က ထို​အကောင့်ကို သူဘယ်သူလဲလို့ပြန်မေးခဲ့တော့
ထို့အကောင့်က သူ့အမေးကို အရေးပင်ပြန်မလုပ်ခဲ့။ဒါက လွန်ခဲ့သည့်နှစ်လကဆိုသည့် အချိန်ကိုပြ
နေသည်မို့ ထိုထူးဆန်းသည့် ကိစ္စကပြီးသွားခဲ့ပြီလို့
သူထင်ခဲ့ပေမဲ့ သူထင်သလို ဟုတ်မနေခဲ့ဖူးထင်
သည်။

လူကြီးလေး❤️(လူႀကီးေလး💙)Where stories live. Discover now