"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ..."အခန်းတံခါးအားလာခေါက်သည့် အမည်မသိလူအား ကျန်းချန်မှမေးလိုက်ခြင်းပင်ဖြစ်၏။
"ရှောင်းရှောင်ကျန့်...ရှိလား"
အမည်မသိထိုလူက သူ့မျက်မှောင်ကိုဆက်ကြုတ်ထားရင်းနဲ့ပဲမေးလာပြန်၏။
ကျန်းချန် ထိုမျက်နှာအမူအယာအား မနှစ်မြို့တာမို့ သူလည်းမျက်နှာကွက်သွား၏။
"သူရှိပါတယ်"
"ဒါမဲ့...ဒီကညီကိုတော့ သူထွက်တွေ့နိုင်မယ်မထင်ဘူး၊သူဖျားနေတယ်"
ကျန်းချန် ထိုအမည်မသိလူအား အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်၏။
"ကိစ္စရှိရင် ကျွန်တော့်ကိုပြောခဲ့လို့ရပါတယ် ကျွန်တော်က သူ့အစ်ကိုပါ..."
တစ်ဖက်လူရဲ့ ကိစ္စကအရေးကြီးနေမလား သူမသိတာမို့ ယုံကြည်ပြီးသူ့ကိုမှာခဲ့ဖို့အတွက် အစ်ကိုဆိုသောဝေါဟာရအား ကျန်းချန်ယူသုံးလိုက်၏။
"ရပါတယ်..."
"ဒါဆို နောက်နေ့မှ ထပ်လာခဲ့ပါ့မယ်....."
ထိုလူက တိုတိုပြတ်ပြတ်ပဲပြောကာ
လှည့်ထွက်သွားသည့်မို့ကျန်းချန်အလိုမကျစွာကြည့်မိသည်။အနည်းဆုံးတော့ ပြန်မသွားခင် နာမည်လေးတော့ပြောပြခဲ့သင့်သည်။ဝတ်စားထားပုံက ခမ်းနားကြီးကျယ်သလောက် ပေါင်းသင်းဆက် ဆံရေးမှာတော့ ထိုလူ့ရဲ့ အမှတ်က သုညပင်။ဘာပဲဖြစ်ဖြစ် သူ့ဘက်
က အိမ်ရှင်ပီပီ တာဝန်ကျေပွန်စွာဖြေပေးခဲ့ပြီးပြီမို့ လာရင်းကိစ္စကိုပြောတာမပြောတာက ထိုလူ့ရဲ့ ကိစ္စသာပင်။ကျန်းချန် သက်ပြင်းချကာဖြင့် သူလုပ်စရာရှိသည်တို့ကိုဆက်လုပ်နေလိုက်သည်။
လမ်းကြားလေးရဲ့ သေးငယ်
သည့်တိုက်ခန်းလေးရဲ့အပြင်ဘက်မှ ခမ်း
နားကြီးကျယ်သည့် မော်ဒယ်မြင့်ကားဟာ
တရှိန်ထိုးစွာ ထိုနေရာမှထွက်လာခဲ့သည်။
ထိုကားပေါ်မှ ခမ်းနားသည့်လူသားကတော့
ဝမ်ရိပေါ်ပင်ဖြစ်သည်။