Chapter 13.1

139 20 1
                                    

ကုစန်း ရဲ့ စကားကြောင့် ပိုင်ယွမ် အကြံဥာဏ်
တစ်ခုရ၍

"ရွာသားတွေဆီမှာ ဒါကိုသုံးပီး အခြေနေတစ်ခုဖန်တီးရင်ကော  "

ဘယ်လိုပဲဖစ်ဖြစ် အရိုးတွေကို သယ်မသွားနိုင်ပေ လူအရိုးက အရမ်းလေးလံတာကြောင့် သယ်ဖို့ရန် အဆင်မပြေဖြစ်ရသည်

သို့သော် အရိုးများကို နေရာ တစ်ခုတွင် ဖွက်ထား၍ ရွာသားများ နှင့်ညှိနှိုင်းမှု တစ်ခုတစ်လေ ပြုလုပ်လို့ရသည် မိမိတို့ ကိုယ်စား လက်ဌားအသုံးချနိုင်သည့် နည်းလမ်းကောင်းဖြစ်သည်

ကုစန်းက လက်ဖျောက်တီး၍

"ဥာဏ်ကောင်းတယ်" ဟု ရယ်မော ချီးကျူးသည်

သူက စကားထပ်မံမပြောတော့ဘဲ အရိုးများဆီ လျှောက်သွား၍ ကောက်ယူလိုက်သည်
ဦးခေါင်းရိုးကို ဖယ်ထုတ်၍ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်

ကျန်အရာများကို လူသူမတွေ့ရောက် နိုင်သည့် နေရာတခုရှာ၍ တွင်းတူး မြှုပ်ကာ အမှတ်အသားမှတ်ထားလိုက်သည်

အရာအားလုံး ပီးစီးသွားတော့ နှစ်ယောက်သား ရွာသို့ပြန်သွားကြသည်

လမ်း တလျှောက်၌ ပိုင်ယွမ် သည် ဝိန်ဝမ်ဝမ် ကို သတိရကာ

"ဝိန်ဝမ်ဝမ်က သူလျှို ဖြစ်နေတော့ ငါတို့ သူမကို ထိန်းချုပ်လို့ရဖို့ နည်းလမ်းတစ်ခုရှာမှဖြစ်မယ်"

"စိတ်သိပ်မပူပါနဲ့ ငါ ဝိန်ဝမ်ဝမ် ကိစ္စ ကို မနေ့ညထဲက ရိပ်မိသွားပီးပီ သူမကို ကိုင်တွယ်ဖို့ ချင်ယုနဲ့ အဖွဲ့ကို ငါ သတင်းပေးခဲ့တယ် "

ကုစန်း က ပေါ့ပါးစွာပြောသည်

"အပြန်လှန် အနေနဲ့ ငါ့ကို တုဝမ်ရွယ် ရဲ့မှတ်စု ကို ပေးဖတ်ခဲ့တယ်"

ပိုင်ယွမ် က မနေ့ညက ကုစန်း မှာ ဘာတွေဖြစ်ပျက်ခဲ့တာကို အလွန်စပ်စုချင်မိတယ် သို့သော် စိတ်မပူမိပါ ကုစန်း က ဝါရင့်ကစားသမားဖြစ်တာကြောင့် ကာကွယ်မှု နည်းလမ်းမျိုးစုံကို ကြိုတင် ပြင်ဆင်ထားလောက်သည့်ပုံ ထင်ရသည်

ကုစန်းက ယခု ည ကို ချင်ယုအဖွဲ့နှင့်သာ သွားပေါင်းနေရန် အကြံပြုသည်

ပိုင်ယွမ် က

"တာအိုကျောင်းကို ပေါ်လာတဲ့ ရွာသားနှစ်ယောက်ကို ငါ မနေ့ည က တွေ့ခဲ့တယ် "

ကုစန်းက ခနလောက်စဥ်းစားဟန်ပြု၍

"အဲ့ဒီ နှစ်ယောက်ကို သတိထားရမယ် မနေ့ညက မင်းပျောက်သွား တော့ ငါ အဲ့ဒီ လူနှစ်ယောက်စီ က အခြားနေရာ လွဲပြောပီး လိမ်ညာတာကိုခံခဲ့ရတယ် အဲ့တာ ကြောင့် မင်းကိုရှာတွေ့ဖို့ အရမ်းနောက်ကျသွားခဲ့တာ  "

ရေသူမပေါ်ထွက်လာမည့် အချိန်နီးကပ်လာသည့် အဖြစ်ကြောင့် မိမိအားမရှာဖေွနိုင်ဘဲ ချင်ယုတို့နေရာကိုသာ ပြန်လိုက်ရကြောင်း ရှင်းပြသည်

ရေသူမရဲ့ ပစ်မှတ်မှာ ရွာသားကသာ အဓိက ဖြစ်တာကြောင့် NPC အိမ်ပိုင်ရှင်အား ကြိုးတုပ်၍ စ​​ေတးကာ သုံးယောက်သား   ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟုဆိုသည်

"ရပါတယ်  ဘာပဲ ​ြ​ဖစ်ဖြစ် လွတ်သွားခဲ့ တာပဲ "

အစက ပိုင်ယွမ်က ကုစန်းအား မိမိကိုကယ်တင်ဖို့ရန် ဆန္ဒမရှိဘူးဟု ထင်မှတ်ခဲ့သည် ထိုကဲ့သို့ စိတ်ရှည်လက်ရှည်  ရှင်းပြမည်ပင် မထင်မှတ်ထားခဲ့ပေ တကယ်တမ်းမှာ သူစိမ်းတွေသာ မဟုတ်ပါလား

"ရှင့်ရဲ့ တွေ့ရှိမှုကို ဆက်ပြောပါဦး အမှန်က ငါ နင့်ကို အပြစ်မတင်ပါဘူး "

ပိုင်ယွမ် ပြာပြာသလဲပြောကာ

"နင်ငါ့ကို သင်ပေးတာကိုပဲ ကျေးဇူးတင်လှပါပီ"

ကုစန်း က  သူတော်ကောင်းယောင်မဆောင်တက်တဲ့ သူ ဖြစ်တာကြောင့် ရှည်ရှည်ဝေးဝေး
မပြောနေတော့ဘဲ ခေါင်းညိတ်ကာ ​ေတွ့ရှိချက်များကို ဆက်၍ရှင်းပြသည်

" မှတ်စုစာအုပ်ကို ကြည့်တော့ စိတ်ဝင်စားစရာ အကြောင်းအရာတွေ အများကြီးတွေ့ခဲ့တယ်













You've reached the end of published parts.

⏰ Last updated: Jul 22, 2023 ⏰

Add this story to your Library to get notified about new parts!

သေခြင်းလောကများမှ ကြာပန်းဖြူလေး (translation) Where stories live. Discover now