အခန်း (၃၀၈) အသက်ကြီးပေမဲ့ မပျက်စီးသေးဘူး

752 95 0
                                    

အခန်း (၃၀၈) အသက်ကြီးပေမဲ့ မပျက်စီးသေးဘူး

ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း၊ ဟွားယွဲ့ရှင်းနှင့် အမျိုးသမီး ကျင့်ကြံသူများက မျှော်လင့်စောင့်စားနေကြသည်။ သူတို့က ဗဟုသုတနှင့် အတွေ့အကြုံ လိုအပ်နေသည့် အငယ်လေးများ ဖြစ်ကြသည်။ သူတို့က ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်ခံမည် မဟုတ်ပေ။ အကြီးအကဲသုံးယောက်လည်း မျှော်လင့်နေကြ၏။ သူတို့အကြည့်များက လုကျိုးပေါ် ရောက်နေသည်။

လုကျိုးက မုတ်ဆိတ်သပ်လိုက်သည်။ သူက တွေးနေဟန်ပေါ်၏။

ဟွားဝူတောက်က လက်ဝေ့လိုက်ကာ  “လျို့ဟယ်စည်းတံဆိပ်က ကျုပ် နှစ် ၂၀ ကြိုးပမ်းလေ့လာခဲ့တဲ့ ရလဒ်ပဲ။ ဒါက သင်္ကေတခြောက်ခုရဲ့ ဆင့်ကဲပုံစံပဲ။ ကျုပ် သင်္ကေတကိုးခုအထိ ထုတ်ဖော်နိုင်တယ်။ အဲဒါကို ပါကွားစည်းတံဆိပ်နဲ့ အကူပေးထားရင် ပွင့်ချပ်ရှစ်လွှာအဆင့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတယ်။ သင်္ကေတတစ်ခုချင်းစီက ထိန်းချုပ်မှု တိကျကောင်းမွန်မှ ဖြစ်လာတာ … နောက်ထပ် သင်္ကေတတစ်ခု ဖွဲ့စည်းဖို့ ခက်တယ်။ အဲဒါကြောင့် လျို့ဟယ်စည်းတံဆိပ်‌ပေါ်က သင်္တေကကို လျှော့မတွက်သင့်ဘူး။ ကျုပ် မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်တုန်းက သင်္ကေတခြောက်ခုတည်းနဲ့ တွမ့်မူရှန်း အားအပြည့်ထုတ်တိုက်တာကို ခံနိုင်ခဲ့တယ် ”

သူတို့က တွမ့်မူရှန်း၏ နတ်ဒေဝါထိပ်သီးကျင့်စဉ်ကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ပြီးလေပြီ။ ထိုအရာက အားကောင်းကာ လွှမ်းမိုးနိုင်သည့် လှံတိုက်ကွက် ဖြစ်၏။ သို့သော်လည်း ဟွားဝူတောက်က သင်္တေကခြောက်ခုတည်းဖြင့် ကာကွယ်တားဆီးနိုင်ခဲ့သည်။

ဖန်ကျုံးက အားပါးတရ ပြောလိုက်သည်  “အကြီးအကဲဟွား သင်္ကေတ ထုတ်ဖော်နိုင်တာ အများဆုံး ဘယ်လောက်လဲ”

“ ငါ လျို့ဟယ်စည်းတံဆိပ်ကို ဖန်တီးတုန်းက ဆယ်ခုက အများဆုံးပဲ။ ဒါပေမဲ့ ငါ့ကျင့်ကြံဆင့်နဲ့ အသိအမြင်အရ ကိုးခုအထိပဲ ထုတ်ဖော်နိုင်တယ်”

“ဆယ်ခုမြောက် သင်္ကေတရော ရှိတာလား”

“ဒါပေါ့ ”

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now