အခန်း (၃၀၇) မဟာလေရတနာစည်းတံဆိပ်

Start from the beginning
                                    

“လန်လော့ မင်းတစ်ဘဝလုံး တာအိုကိုယ်ပျောက်ခြင်းကို လေ့လာခဲ့တာပဲ။ အားလုံးကထွက်ပြေးဖို့ပဲလေ။ ဒါပေမဲ့ မင်း သတ်ဖြတ်ခြင်းသိုင်းကိုလည်း မင်း တိတ်တဆိတ် သင်ယူခဲ့တာပဲ မဟုတ်လား။ မဟုတ်ရင်.. အခု မင်း ဒီနေရာမှာ ရပ်နေနိုင်မယ်လို့ ငါ မထင်ဘူး”

လန်လော့က သူတောင်းစားကြီးကို ကြည့်တောင် မကြည့်ပေ။ သေရေးရှင်ရေး အခြေအနေမှာ ငါ့အခြေအနေကို ချနင်းနေတာ ဒီသူတောင်းစာအိုကြီးက တကယ်ရက်စက်တာပဲ။

ဖန်လီထန်းက လုကျိုးဘက်လှည့်ပြီး လက်သီးဆုပ်မိုးကာ ပြောလိုက်တော့သည်။

“အထွတ်အထိပ် သန့်စင်ကျောက်စိမ်းကျင့်စဉ်က ရှောင်ယွမ်အာအတွက် အသင့်တော်ဆုံး ကျင့်စဉ်တွေထဲက တစ်ခုဆိုတာ ကျုပ်ထောက်ခံတယ်။ ဒါပေမဲ့ သူက ခဏပဲ ကျင့်ကြံရသေးတာ။ သူ့အုတ်မြစ်ကို ဖြည်းဖြည်းချင်း တည်ဆောက်ရမယ်”

ပြီးနောက် သူက ဘူးသီးခြောက်ကို ထုတ်လိုက်၏။ သူမ၏ နိဗ္ဗာနခါးစည်းဖြင့် ပုလင်း၏ ဘူးဆို့ကို ဖယ်ရှားစဉ်က သူ လုပ်ပြခဲ့ပုံကို အမှတ်ရစေရန် ဖြစ်သည်။ စစ်ဆေးမှုအရ သူမက အခြေခံထိန်းချုပ်မှု ချို့တဲ့နေတာ သိသာ၏။ သို့သော်ငြား ယင်းက ညတွင်းချင်း လေ့ကျင့်၍ရသည့်အရာမဟုတ်ပေ။

“ကျုပ်ထောက်ခံတယ်”

ဟွားဝူတောက်က ပြောသည်။ လန်လော့က လက်မခံပေ။

“သူက သင်ယူခါစလို့ ခင်ဗျားပြောလိုက်တာ မဟုတ်လား။ ဒီလိုဆိုမှတော့ သူ့မှာအခု တည်ငြိမ်တဲ့အုတ်မြစ်ရှိဖို့ ခင်ဗျားဘယ်လိုများ မျှော်လင့်ထားတာလဲ။ နှစ်တစ်ရာလောက် ကျင့်ကြံပြီးမှ ရနိုင်တဲ့ ထိန်းချုပ်မှုကို မိန်းမငယ်လေးက ပြလာလိမ့်မယ်လို့ ခင်ဗျားမျှော်လင့်နေတာလား။ ခင်ဗျားအစား ရှက်မိတယ်”

ဖန်လီထန်းက အံ့ဩသွားလေ၏။

“ကျုပ်ထောက်ခံတယ်”

ဟွားဝူတောက်က ထပ်ပြောပြန်သည်။ ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း၊ ဟွားယွဲ့ရှင်းနှင့် ကျန်သည့် အမျိုးသမီး ကျင့်ကြံသူများက ဇဝေဇဝါ ဖြစ်သွားကြသည်။

လုကျိုးက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်လေ၏။ သူက ထိုအဘိုးကြီးများကို ခက်ခဲသည့်အချိန် ပေးခဲ့သည်။ သူတို့အဖို့ ကြက်ဥထဲက အရိုးရွေးဖို့က ခက်ခဲမှန်း တွေးထင်ထားပြီးသား ဖြစ်သည်။ လက်နောက်ပစ်ထားလျက် သူက ရှောင်ယွမ်အာကို ကြည့်ကာ ပြောလိုက်တော့သည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ Book 2Where stories live. Discover now