အပိုင်း၁၁

Start from the beginning
                                    

တကယ့်ကြီးလုပ်မည်ပုံကြောင့်ခွန်းရောင်ခြည်သက်ပြင်းသာချလို့ကားထဲဝင်ထိုင်လိုက်သည်။ကားနောက်ခုံမှာထိုင်ရန်တံခါးဆွဲဖွင့်တော့။

" အနောက်မှာထိုင်ရအောင်ခင်များကျုပ်ကိုဒရိုင်ဘာဘကြီးသောင်းများထင်နေသလား...ခင်များယောကျာ်းဘေးမှာလာထိုင်..."

" အတူတူဘဲကို..."

" မတူဘူး အခုလာထိုင်..."

တကယ်လူကိုတစ်နေ့တစ်နေ့အမိန့်ပေးလိုက်ရမှစားဝင်အိပ်ပျော်သူပါလေ။စကားများနေရမှာစိုး၍ခွန်းရောင်ခြည်သူ့အလိုကျဘေးမှာသာဝင်ထိုင်ပေးလိုက်သည်။ထိုမှပြုံးရယ်လာကာသူ့ပေါင်ပေါ်ဖတ်ခနဲရောက်လာတဲ့လက်တစ်ဖက်....ခွန်းရောင်ခြည်မျက်လုံးပြူးသွားသည်။

" ဘာလုပ်တာလဲ ဖယ်စမ်းဥပဓိမောင်..."

" ဒါလေးကိုင်တာကိုတွန့်တိုနေတာများ..."

" မလုပ်နဲ့ ဖယ်နော်မင်း...ဥပဓိမောင် "

ပြောလေပေါင်ပေါ်ကလက်ကပွတ်သပ်လာလေမို့ခွန်းရောင်ခြည်ဆွဲဆိတ်လိုက်မှဆူပုတ်ပုတ်နဲ့လက်ဖယ်သွားသည်။ဒါတောင်လက်ကပေါင်ပေါ်လာချင်နေတာကြောင့်မျက်လုံးပြူးပြလိုက်မှပြုံးစိစိနဲ့ငြိမ်သွားသည်။

" အလုပ်တွေလုပ်မနေစမ်းပါနဲ့အချစ်ရယ်...မောင်ရှာသမျှကမင်းအတွက်ပါ..."

" စောက်ပြဿနာတွေလား...တော်စမ်းပါမလိုချင်ပါဘူး...."

" မင်းလေးကတော့လေ...မနက်စာမစားသွားဖူးမှတ်လားဗိုက်ဆာသလား..."

" မဆာဘူး..."

" ဂွီ~~ "

ပါးစပ်ကသာပြောနေတာဗိုက်ကထမြည်လာတာကြောင့်ခွန်းရောင်ခြည်မျက်နှာသာလွှဲမိသည်။ဥပဓိမောင်ကတော့သဘောတကျရယ်မောကာတစ််နေရာရာကိုကားမောင်းထွက်လာလေသည်။

နည်းနည်းကြာအောင်မောင်းအပြီးကားလေးကပန်းဒိုင်မဟုတ်ဘဲစားသောက်ဆိုင်ရှေ့ကိုရောက်လာလေသည်။မြို့အုပ်မို့လားမသိ စားသောက်ဆိုင်တောင်မြို့ရဲ့စျေးအကြီးဆုံးဆိုင်ကိုသာလာလေသည်။

" သီးသန့်အခန်းပေးပါ။ "

" ဟုတ်ကဲ့ ခုံအမှတ်၁၀၃ပါခင်မျာ...စောင့်နေပါ။ "

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now