7

207 40 3
                                    

ဆောနူအား ခြေအိတ်ချွတ်ပေးကာ ခြေထောက်နှစ်ဖက်အား စုကာ စောင်အောက်သို့ ရောက်ရန် ပို့ပေးရသေးသည်။

ရှိရှိသမျှ ပြတင်းပေါက်အကုန်ပိတ်ကာ
အခန်းအပူချိန်အား နွေးနွေးလေး‌ ထားပေးရသေးသည်။

ဒါတွေဟာ ဆောနူခိုင်းလို့ မဟုတ်။
သူ့သဘောနဲ့ သူသာ။

ထို့နည်းတူ။

ဆောနူကို သူချစ်ရတာကလည်း
သူ့သဘောနဲ့ သူသာ။

ပိုချစ်တဲ့ သူက ပိုခံစားရတယ် လို့ ပြောပြီး ဆွေးရအောင်ကလည်း ဆောနူက သူ့ကို တစ်စက်ကလေးမှ ချစ်မနေတော့ ပိုလို့ပင် ခံစားရပါသေးသည်။

ဘေးသို့ထွက်နေသည့် လက်နုနုတစ်ဖက် ကိုလည်း
အသာအယာမကာ စောင်ထဲသို့ ထည့်ပေးရသည်။

နဖူးပြေပြေပေါ်ကျနေတဲ့ ဆံစနုနုတို့အားလည်း
နီခီ့လက်သွယ်သွယ်တို့နှင့် နူးနူးညံ့ညံ့ သပ်တင်ပေးခဲ့သည်။

ဆောနူရဲ့လစ်ဟာနေတဲ့ ရင်ဘတ်နားကို စောင်ဆွဲခြုံပေးပြီး
တနင့်ကြီး ခံစားနေရတဲ့ သူ့ရင်ဘတ်အား လျစ်လျှူရှူ၍
ဆောနူမျက်နှာကို အကြည့်လွှဲကာ ကျောခိုင်းလိုက်သည်။

တကယ်တော့ သူတွေးထားခဲ့တာက
ဆောနူကို နှိုးပြီးကို ပြဿနာရှာမယ်လုပ်ထားတာ
တကယ်လည်း မျက်နှာနုနုကို ‌တွေ့လိုက်ရတော့
ထိုအတွေးတို့က ချက်ချင်းဆိုသလို ကြက်ပျောက် ငှက်ပျောက်။

သူတံခါးလက်ကိုင်အား လက်လှမ်းလိုက်သည်။

"ရီခီ..ဒီအတိုင်းပဲ ပြန်သွားမှာလား.."

သို့ပေမဲ့ သူ့နောက်ကျောဖက်မှ ထွက်လာတဲ့
ရီဝေဝေအသံကြောင့် သူ,တစ်ခဏ ကျောက်ရုပ်ဖြစ်သွားမိသည်။

သူနောက်ကို လှည့်မကြည့်မိ။
လှည့်ကြည့်မိရင် သူဘာဖြစ်တော့မယ် ဆိုတာကို
သူကိုယ်တိုင် သေသေချာချာ သိနေခြင်းကြောင့်ပင်။

သူလှုပ်ရှားမှုတွေကို ပြန်လည်စတင်လိုက်သည်။
ကိုင်လျက်သားဖြစ်နေတဲ့ တံခါးလက်ကိုင်ကို
လှည့်ကာ တုံ့ဆိုင်းခြင်းမရှိ ထွက်လာခဲ့သည်။

နောက်က ဆောနူ ဘာတွေပြောနေလဲ သူမသိ။
ဘာမှမပြောတာလည်း ဖြစ်နိုင်သည်။

ᵐⁱⁿᵈ ᵍᵃᵐᵉˢ || sᴜɴᴋɪOnde as histórias ganham vida. Descobre agora