1

566 56 9
                                    

"နီခီရေ မင်းသူငယ်ချင်းလေး မှောက်နေပြီ။
လာခဲ့တော့"

"ဟာ..ဒီနေ့လည်း အဆင်မပြေပြန်ဘူး ထင်တယ်..။
အခုချက်ချင်း ထွက်လာနေပြီမလို့..
ဆောနူဝိုင်းနားကို ဘယ်သူ့ကိုမှ အကပ်မခံနဲ့နော်.."

သူ့ကို ပိုတယ်ထင်လည်း ထင်ပါစေတော့။
ဒါပေမဲ့ အကြောင်းသိတွေဆိုရင်တော့ မထင်လောက်ပါ။
ဘာလို့ဆို သူက ‌ဆောနူကိုဆို အမြဲပိုနေတာပဲမလို့။

"ငါက ဆိုင်ရှင်ဟေ့..။
သူ့ တစ်ယောက်တည်းကို ကြည့်ပေးရအောင်
သူက ငါ့ဆိုင်ရဲ့ VVIP Customer လည်း မဟုတ်။"

တစ်ဖက်က ဂျပန်မျိုးဂျပန်နွယ်က ဖုန်းချသွားပြီမလို့
ဂျေးတစ်ယောက် စုချွန်ချွန်ဖြစ်သွားတဲ့ နှုတ်ခမ်းကို
လက်နဲ့အုပ်လိုက်ပြီး သူ့မျက်နှာချင်းဆိုင်မှာ ‌စားပွဲပေါ်ကို ခေါင်းမှောက်နေတဲ့ ဆောနူကို အကြည့်ပို့လိုက်မိသည်။

နဖူးပြေပြေပေါ်ကို ခပ်ဝဲဝဲကျနေတဲ့ နူးနူးညံ့ညံ့ ဆံသားစလေးတွေဆီကို သူလက်လှမ်းလိုက်ပေမယ့် မလုပ်ဖြစ်လိုက်ပါ။

သူဒီကောင်လေးကို ဒီ့ထက် ခံစားချက်တွေ မပိုချင်တော့။

ရုတ်တရက်ဆိုသလို လူကျလာတဲ့ သူ့ဆိုင်ကြောင့်
သူဆိုင်ပိတ်တော့မလို့ကြံမိသည်။
သူသာ အလုပ်,လုပ်နေရင် ဆောနူကို တစ်ယောက်တည်း
ထား,ထားသလိုဖြစ်နေမှာ။သူစိတ်မချဘူးရယ်။

ရုတ်တရက်ဆိုသလိုပဲ ချွေးသီးသီးကျနေတဲ့ နီခီက သူ့မြင်ကွင်းထဲ ပေါ်လာတာမလို့ ဆောနူနားမှ ထလိုက်တာ သိပ်မကြာသေးခင်ကမှ ဝင်လာတဲ့ ဧည့်သည်အား ခပ်သွက်သွက် menu list သွားပြနေမိသည်။

သူက ဒုတိယလူပဲမလို့ အနှောင့်အယှက်မဖြစ်ချင်ပါ။

- - -

ခဏအကြာမှာတော့ သူ့မြင်ကွင်းထဲကို ရောက်လာတာက
နီခီ့ ပုခုံးထက်မှာ အိပ်မောကျနေတဲ့ ဆောနူကိုပင်။

သူသက်ပြင်းချကာ အကြည့်လွှဲလိုက်ပြီး
ထွက်သွားလေပြီဖြစ်သူအား လျစ်လျှူရှူလိုက်ကာ
သူ့အလုပ်သူ ဆက်လုပ်နေလိုက်သည်။

တစ်ဖက်သတ်အချစ်က တကယ်မလွယ်ကူလှတာပါ။
အများကြီး ပင်ပန်းရတယ်။

ᵐⁱⁿᵈ ᵍᵃᵐᵉˢ || sᴜɴᴋɪWhere stories live. Discover now