Chapter (9) Beating Heart

Começar do início
                                    

ဧည့်ကြိုကောင်တာရှိရာဆီသို့ ခဏထွက်သွားပြီး မိနစ်အနည်းငယ်အကြာတွင်တော့ သူ နှင့် ဦးစံဖူး ရပ်စောင့်နေသည့်နေရာဆီသို့ ဒန်နီရယ် ပြန်လာခဲ့သည်။

ညနေစောင်းနေပြီဖြစ်တာကြောင့် ဆေးရုံထဲတွင် နေ့လည်နေ့ခင်းတွေလိုမျိုး ကြိတ်ကြိတ်တိုးနေအောင်ထိတော့ လူခြေသိပ်ရှုပ်မနေတော့။ ဆေးရုံဝန်ထမ်းအချို့နှင့် လူနာစောင့်တစ်ယောက်စနှစ်ယောက်စသာလျှင် သူတို့ဖြတ်လာသော စင်္ကြံလမ်းတစ်လျှောက်၌ မြင်တွေ့ခဲ့ရသည်။ ဆေးရုံကြီး၏အလယ်ရှိ ဓာတ်လှေကားကိုစီးနင်းကာ သူတို့သုံးဦးသား အပေါ်ဆုံးထပ်သို့ ရောက်ရှိလာခဲ့ကြသည်။ အပေါ်ဆုံးထပ်က သီးသန့်လူနာခန်းများသာရှိသောကြောင့်လည်းပါလိမ့်မည် အောက်ထပ်များနှင့်မတူဘဲ သိသိသာသာပိုမို၍ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဓာတ်လှေကားမှ ထွက်လိုက်သည်နှင့် လူသူကင်းမဲ့သည့် စင်္ကြံလျှောက်လမ်းက အေးတိအေးစက်ဖြင့် ကြိုဆိုနေသည်။

အဆောက်အအုံ၏ မြောက်ဘက်ခြမ်းဆီသို့ စင်္ကြံလမ်းအတိုင်းလျှောက်လာခဲ့ကြပြီးနောက်တွင်တော့ အခန်းနံပါတ် ၁၄၀၆ ရှေ့တွင် ဒန်နီရယ် က ရပ်လိုက်ကာ တံခါးကို ခေါက်လိုက်သည်။ တံခါးခေါက်သံအဆုံးတွင်တော့ အထဲမှ အသက်ကြီးကြီး ခပ်ဝဝ သူနာပြုဆရာမကြီးတစ်ဦးက တံခါးလာဖွင့်ပေးလေသည်။

"ဘယ်သူ-"

"မစ္စဟေး(လ်).. ရိုဇီဟေး(လ်).. ကျနော်က သူ့သားပါ"

"ဪ.. ဝင်လာလေ" သူနာပြုဆရာမက သူတို့သုံးယောက်အား ခြေဆုံးခေါင်းဆုံးကြည့်ပြီးသည့်နောက်တွင်တော့ လူနာခန်းထဲသို့ ဝင်ခွင့်ပေးလိုက်သည်။

လူနာခန်းထဲရှိ ပြတင်းပေါက်နားက ခုတင်ပေါ်တွင် ရွှေအိုရောင်ဆံနွယ်များကိုပိုင်ဆိုင်သော အနောက်ဥရောပလူမျိုး အမျိုးသမီးတစ်ဦး အိပ်ပျော်နေသည်။ ထိုသူမှာ ဒန်နီရယ် ၏ မိခင်ဖြစ်သူ အန်တီ ရိုဇီ ပင်ဖြစ်လေသည်။ အသက်အရွယ်အားဖြင့် စဝ်လွန်းရီအမေနှင့် ရွယ်တူ ငါးဆယ်နီးပါးလောက်ရှိသော်လည်း ထိုအမျိုးသမီးမှာ အခြားသူများထက် ပိုမို၍ အရွယ်တင်ကာ နုပျိုလှပနေသည်။ ယခုလို နေမကောင်းဖြစ်ကာ အိပ်ပျော်နေသည့်ပုံစံကပင် သူတို့ ငယ်ငယ်က ကြားဖူးနားဝရှိသော နတ်သမီးပုံပြင်များထဲမှ အိပ်မောကျကာ လာနှိုးမည့်မင်းသားလေးကို စောင့်နေတတ်သော ဇာတ်လိုက်မင်းသမီးနှင့်ပင် တူနေသေးသည်။

Você leu todos os capítulos publicados.

⏰ Última atualização: Apr 15, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Royal SecretOnde histórias criam vida. Descubra agora