ပြန်ဖို့ခွင့်တောင်းခြင်းမဟုတ်ပါပဲ သူ့စိတ်ဆန္ဒအတိုင်း ပြန်တော့မည်ဖြစ်ကြောင်းပြောသည့် ဒဏ္ဏာရီကိုငေးကြည့်ပြီးကျန်နေခဲ့သည့်ယောကျ်ားသားတစ်ယောက်ရဲ့မျက်ဝန်းထဲမှာဘာကြောင့်ကျေနပ်ရိပ်တွေပြည့်နေသည့်အကြည့်မျိုးတွေရှိနေပါသနည်း။

×

ကားစက်သတ်ပြီးနောက် သူမရှေ့ကအဆောင်အအုံကိုကြည့်ကာဝင်သင့်မဝင်သင့်စဥ်းစားနေမိသည်။ တကယ်ဆို နေရောင်သွေးဆိုတဲ့လူနဲ့တွေ့ပြီးပြန်လာတုန်းကတော့ အလုပ်ကိုပြန်မည်ဟုတွေးထားမိသော်လဲ တကယ်တမ်းသူမရောက်လာသည့်နေရာက နိုဝယ်အလုပ်လုပ်သည့်နေရာ။

တကယ်ဆိုသူမက ဒီလိုနေရာတွေကိုမုန်းသည်လေ။ ဘာလို့အခုမှ အထူးသဖြင့် နိုဝယ်နှင့်သိကျွမ်းပြီးမှ သူမသည်အရင်ကမလုပ်ခဲ့ဖူးသည်များကိုလုပ်မိနေသည်။

ဒေါက် ဒေါက်

ကားပေါ်မှာတစ်ယောက်ထဲအတွေးများနေတုန်း ဘေးပတ်ဝန်းကျင်ကိုသတိမထားမိ။ ကားတံခါးမှန်ကိုတံခါးလာခေါက်မှသတိရမိသည်။ မှန်ချလိုက်တော့ သူစိတ်ထဲတွေချင်နေမိသည့် နိုဝယ်။

"ဘာလာလုပ်တာလဲ မဟုတ်မှ နိုဝယ့်ကိုလာတွေတာလား"

ကားတံခါးဖွင့်ကာ သူမကိုပြုံးပြီးကြည့်နေသည့် ကောင်မလေးကို မျက်နှာချင်းဆိုင်ဖို့ရှက်နေမိသည်။ တော်သေးသည် မျက်မှန်တက်ထားသောကြောင့် သူမအကြည့်များကိုသတိထားမိဟန်မတူပါ။

"ကားထဲဘာလုပ်နေတာလဲ နိုဝယ်ကြည့်နေတာကြာပြီ"

"တို့ကိုအစောကြီးကထဲကမြင်တာလား"

"အဲ့..အဲ့လိုလဲမဟုတ်ပါဘူး နိုဝယ်အပေါ်ကနေကားကိုမြင်တာလေ နောက်နိုဝယ်အထဲကနေလှမ်းကြည့်နေသေးတယ် အကြာကြီးပဲဆိုတော့တစ်ခုခုများဖြစ်နေလို့လားလို့ပါ"

"ဟုတ်မယ် တို့ဒီနေ့စိတ်မကြည့်ဘူး"

"နိုဝယ်တစ်ခုခုများလုပ်ပေးနိုင်မလား"

"အင်း..မင်းဘာများလုပ်ပေးနိုင်မလဲ"

ဘေးချင်းယှဥ်ကာ ထိုအဆောင်အအုံထဲသို့ဝင်သွားလေသည်။ အနာဂတ်ကိုသာကြိုသိမယ်ဆိုရင်ကော ဒဏ္ဏာရီဆိုသည့်သူမ မီးပုံထဲသို့ခုန်ချခဲ့ပါ့မလား။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now