"ဒါပေါ့ ကိုကိုရဲ့ ကိုကိုက လုံးဝပြည့်စုံတာလေ"

ပြည်သာက ပြောရင်း ထက်ကိုရှိန်းနှင့် မျက်လုံးချင်းဆုံမိသွားသည်။ ထက်ကိုရှိန်း မျက်လွှာချလိုက်သည့်အခါ နှင်းဆီရောင်သန်းနေသည့် ပြည်သာ၏ နှုတ်ခမ်းတို့ဆီအကြည့်ရောက်သွားတော့သည်။

ပြည်သာက ထက်ကိုရှိန်း၏နှုတ်ခမ်းများကို စတင်ထိကပ်လိုက်သည့်အခါ ထက်ကိုရှိန်း၏ သွေးများ ပြောင်းပြန်စီးဆင်းသွားတော့သည်။

ထက်ကိုရှိန်းက ပြည်သာ၏ အနမ်းများကို ပြန်လည်တုန့်ပြန်လိုက်ကာ အချစ်ခရီးကို ရှေ့ဆက်လိုက်မိသည်။ ထက်ကိုရှိန်း၏ ကျောပြင်ကို ကုတ်နေသည့် ပြည်သာ၏ လက်နုနုလေးများကြောင့် ထက်ကိုရှိန်း၏ ခံစားချက်တို့က တိမ်ပေါ်လမ်းလျှောက်နေသလိုပင်။

နာကျင်မှုနှင့် သာယာမှုရောနေသည့် ခံစားချက်က ပြောပြရခက်သော်လည်း ရုန်းမထွက်ချင်လောက်အောင် ကောင်းမွန်သည်။ ထိုအခိုက်အတန့်က အလွန်ကိုလည်း လှပသည်။

အတန်ကြာသည်အထိ ခရီးတစ်ခုကို သွားလိုက်ပြီးနောက် ထက်ကိုရှိန်းရော ပြည်သာပါ မောဟိုက်နေတော့သည်။ ခဏအကြာတွင် ပြည်သာကတော့ စောင်နှင့်လုံးထွေးကာ အိပ်ပျော်သွားတော့သည်။

ညနေပိုင်း ပြည်သာနိုးလာသည့်အခါ ထက်ကိုရှိန်းက အိပ်နေသည်။ ပြည်သာ၏ ရင်ဘတ်နှင့် ဗိုက်တို့အပေါ်တွင် အညိုကွက်များက ခရမ်းပုတ်ရောင်ထနေကြသည်။

"အီးဟီးဟီး"

ထငိုသည့် ပြည်သာကြောင့် ထက်ကိုရှိန်း အလန့် တကြားနှင့် နိုးလာရသည်။

"ပေါက်စ ဘာဖြစ်တာလဲ"

"အီးဟီး လူယုတ်မာ"

"ဟာ"

"ဒီမှာကြည့်လေ အညိုကွက်တွေ"

"အာ ပေါက်စရယ် ဒါကတော့လေ"

"ဘာမှ ဒါကတော့ လုပ်မနေနဲ့ အီးဟီး ကုန်ပါပြီ အညိုကွက်ကြီးတွေနဲ့ သူများမြင်ရင် ရှက်စရာကြီး"

ပြည်သာပြောသည်က မှန်တော့မှန်သည်။ ထက်ကိုရှိန်း ကိုက်မိသည်က နေရာလွတ်ပင်မကျန်တော့ချေ။

အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ်  (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)Where stories live. Discover now