Extra-13( အကယ်၍)

Start from the beginning
                                    

လော့လင်းရှန်း မသိမသာ မျက်မှောင်ကြုတ်မိသွား၏။

ရှီယွင်နန် နောက်သို့ ခြေတလှမ်းဆုတ်ကာ ရောင်ကိုင်းနေတဲ့ သူ့နှာခေါင်းလေးအား ကိုင်လျက်ဆက်ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်လည်း သန်ဘက်ခါဆို ကျောင်းတက်ရတော့မှာပဲ။ အခုပြန်တာနဲ့ အထုပ်တွေ အကုန် သိမ်းထားလိုက်မယ်။ ခင်ဗျား စိတ်မပူစေရဘူး။"

သူက သူ့ခံစားချက်များကို ဖုံးကွယ်ရန် ခေါင်းလေးကို ငိုက်စိုက်ထားရင်း ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်လေသည်။ "ဘာကို တက္ကသိုလ်တက်မှ တွဲမယ့်ကိစ္စ ပြောမှာလဲ? နောက် ကျွန်တော်စိတ်ကျေနပ်အောင် ကလေးတစ်ယောက်ကို ချွေးသိပ်တဲ့စကားတွေမျိုး ခင်ဗျားပြောစရာ မလိုတော့ဘူး။"

တစ်ယောက်နဲ့ တစ်ယောက် သဘောကျတော့ကော ဘာအရေးလဲ?

မလိုက်ဖက်ရင် မလိုက်ဖက်ရုံပဲပေါ့။

ရှီယွင်နန် ထိုစကားများကို ပြောပြီးနောက် လှည့်ထွက်သွားလိုက်၏။ သူခြေလှမ်း နှစ်လှမ်းတောင် မလှမ်းလိုက်ရခင်မှာပဲ ရုတ်တရက် လော့လင်းရှန်း ပြန်ဆွဲတာကို ခံလိုက်ရသည်။

သူ့ကိုယ်လေး လေထဲမြှောက်တက်သွားသည့် အခါမှာတော့ ရှီယွင်နန်တစ်ယောက် လန့်ဖျတ်သွားပြီး လော့လင်ရှန်း သူ့ကို ချီသယ်ထားမှန်း သိလိုက်ရလေသည်။

"လော့...လော့လင်းရှန်း?" ရှီယွင်နန်၏ မထီမဲ့မြင်လုပ်တဲ့ အပြုအမူလေးမှာ ချက်ချင်းပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး ကလေးလေးတစ်ယောက်လို ထိတ်လန့်တကြား အော်မိတော့သည်။ "အောက်ချပေး!"

"ရှင်းရှင်းလင်းလင်းဖြေရှင်းဖို့ တခြားနေရာကို သွားကြမယ်။ မင်းထပ်ပြဿနာရှာရဲရင်တော့ လူတွေအားလုံး အာရုံစိုက်မိသွားမှ ကိုယ့်ကို လာအပြစ်မတင်နဲ့။"

လော့လင်းရှန်းက အလျှော့မပေးဘဲ သူ့တင်ပါးလေးကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

"ရှီယွင်နန် ကိုယ်မင်းကိုပြောထားမယ်၊ ကိုယ့်မိဘတွေ၊ ကိုယ်အစ်မ၊ ကိုယ့်ယောက်ဖ၊ အမျိုးတွေအားလုံး ဒီမှာရှိတယ်။ သူတို့အားလုံး မင်းကို တကြိမ်တည်းနဲ့ မှတ်မိသွားအောင် မင်းလုပ်လိုက်မယ်ဆိုလဲ ကိုယ်ဘယ်လိုမှ နေမှာ မဟုတ်ဘူးနော်။"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now