Extra-13( အကယ်၍)

Start from the beginning
                                    

"နားလည်မှုလွဲတာလောက်ပဲဆိုမှတော့ လူသိရှင်ကြား ပြောနေစရာ မလိုတော့ဘူး။" လော့လင်းရှန်းက ထပ်မလျှော့တမ်းပြောလိုက်သည်။

သူက သူရှေ့ရှိ လူနှစ်ယောက်၏ မျက်နှာကို စိုက်ကြည့်ကာ သရော်လိုက်သေး၏။ "မဟုတ်ရင် သူများကို အနိုင်ကျင့်လေ ဂုဏ်သိက္ခာပိုကျလေပဲ။ ဒီကသခင်လေးနှစ်ယောက်လည်း ရှင်းရှင်းလင်းလင်း သိလောက်မှာပါ။"

ဝေ့လျန်တစ်ယောက် သူ့အတွက် ဆိုးကျိုးသာဖြစ်လာမည့်ကိစ္စတွေကို တွေးတောရင်း နှလုံးခုန်နှုန်းမြန်လာတော့သည်။

"ဒါ..ဒါလေးက အသေးအမွှားပါပဲ၊ စိုးရိမ်စရာ မလိုပါဘူး။"

ထိုစကား ပြောပြီးနောက် သူနှင့် သူ့သူငယ်ချင်းမှာ ထိုကံမကောင်းသည့် နေရာကနေ အမြန် ပြေးထွက်သွားကြတော့သည်။

ထိုနှစ်ယောက် တဖြည်းဖြည်း အဝေးရောက်သွားမှသာ လော့လင်းရှန်းက နောက်လှည့်လာပြီး ရန်ပွဲတွင် ပါသည့် နောက်တစ်ယောက်ကို စိုက်ကြည့်လာ၏။

"မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ? ဘယ်လိုဖြစ်ပြီး ရန်ဖြစ်ရတာလဲ?"

ရှီယွင်နန် နှုတ်ခမ်းကို မဲ့ကာ လိပ်ပြာမလုံစွာဖြင့် အကြည့်လွှဲလိုက်သည်။ "ကျွန်တော့်အတွက် စိတ်မပူနဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရှုံးတာမှ မဟုတ်တာ။"

လော့လင်းရှန်းတစ်ယောက် ရှီယွင်နန်၏ အဝတ်အစားနှင့် သနားစရာကောင်းသည့် မျက်နှာလေးကို မြင်သည့်အခါ ဒေါသထွက်ကာ ရယ်လုနီးပါးပင်။ "ရှီယွင်နန် အခု ငါက ရန်ပွဲနိုင်တာရှုံးတာကို စိတ်ပူနေလို့လား? မင်းအိမ်မှာ စာမလုပ်ဘဲ ဘယ်လိုလုပ် ဒီမှာ စားပွဲထိုး လာလုပ်နေရတာလဲ?"

ရှီယွင်နန် လော့လင်းရှန်းအား မော့ကြည့်လိုက်၏။ သူ့ရင်ထဲရှိ သိမ်ငယ်စိတ်မှာ တလှိုင်လှိုင်တက်လာတော့သည်။

"ဟုတ်တယ်! လစာနည်းနည်းလေးရဖို့ ကျွန်တော်ဒီကို လာရတယ်။ ခင်ဗျားနဲ့ ချန်အိမ်တော်က သမီးကို တွေ့လိုက်ရရုံတင်မကဘူး ဝေ့လျန်လှောင်ပြောတာပါ ခံလိုက်ရတယ်!"

"ကျွန်တော်သာ ဒီကို မလာရင် ခင်ဗျားနဲ့ ကျွန်တော်ကြား ဘယ်လောက်ကွာခြားတယ်ဆိုတာကို သိလိုက်မှာ မဟုတ်ဘူး..." သူစကားပြောတာ ခဏရပ်လိုက်ပြီး လေသံကို လျှော့လိုက်သည်။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now