အခန်း ( ၃၄ )

603 38 4
                                    

အခန်း ( ၃၄ )

“မဲလုံးလေးရေ ကိုကြီးကိုသံပုရာသီးလေးသွားယူပေးပါဦး၊ ဟိုညီမလေးကရခိုင်သုပ်ရပြီနော်၊ အစပ်လျှော့သုပ်ပေးထားတယ်သိလား”

ဘုန်း ဆိုင်နားကိုရောက်သည်နှင့် ကလေး၏အသံစာစာလေးကိုဦးဆုံးကြားလိုက်ရသည်။ အချိန်က ၁ နာရီမထိုးသေးသောကြောင့် ပါးပါးကျူရှင်ကကလေးတွေပင်ဖြစ်ရမည်။ ဘုန်းလည်း ဆိုင်ထဲသို့ဝင်၍ မုန့်ဖတ်များ၊ တုတ်ထိုးဗန်းများတင်ထားသည့်ခုံကြီး၏ရှေ့ကခုံလေးမှာဝင်ထိုင်လိုက်သည်။ ထိုအခါမှ အလုပ်ရှုပ်နေသောကလေးသည် ဘုန်းအားမြင်သွားတော့၏။

“ဟာ ကိုကို၊ ရောက်လာတာတောင်အသံမပေးဘူးဗျာ၊ ထမင်းရောစားပြီးပြီလားဗျ”

“စားပြီးပြီကလေးရဲ့၊ ဒါနဲ့ ကိုကိုဘာလုပ်ပေးရမလဲ”

“ရတယ်ကိုကိုရဲ့၊ အေးဆေးသာထိုင်နေပါဗျ၊ တို့ဟူးသုပ်စားဦးမလား၊ ကလေးသုပ်ပေးမယ်လေ”

“စားမယ်ကလေး၊ ကလေးသုပ်ကြွေးတာလေးစားချင်လွန်းလို့ကို ထမင်းနည်းနည်းလျှော့စားခဲ့တယ်ကလေးရဲ့”

“အဲ့ဒါပဲ အစောထဲကပြောရင် ထမင်းမစားခင်လာပို့ပေးခိုင်းလိုက်တာပေါ့ဗျာ”

“အဲ့လိုပို့ခိုင်းမှာဆိုးလို့ကို….မပြောတာ၊ ကိုကိုက ကလေးမျက်နှာလေးကိုကြည့်ပြီးမှစားချင်တာလေ၊ အဲ့ဒါမှစားလို့ပိုကောင်းတာကလေးရဲ့”

“ဟွန်း အဲ့မှာအရမ်းတတ်နေလိုက်”

“တကယ်ပြောတာကလေးရဲ့၊ ကိုကိုက ကလေးလုပ်ကျွေးတဲ့အစားအသောက်တွေဆို ကလေးရှေ့မှာထိုင်ပြီး ကလေးမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်ရင်းစားချင်တာဗျ၊ ဖြစ်နိုင်ရင်တစ်နေကုန်တောင် ကလေးနားမှာပဲလာနေချင်တာ၊ ပတ်ဝန်းကျင်ကြောင့်သာမလာတာပါဗျာ”

ထိုစကားသည် မှန်သောစကားဖြစ်ပါ၏။ ဘုန်း ကလေးဆီသို့ တစ်နေ့တစ်ခေါက်တော့ပုံမှန်လာဖြစ်သည်။ ထိုသို့တွေ့လျှင်လည်း ‘မိဘတွေတောင်သဘောတူထားပါကွာ’ဆိုပြီး ကလေးနှင့်ကလေးမိဘများ၏ဂုဏ်သိက္ခာအပေါ်မှာ မလေးမစားမလုပ်ခဲ့ပေ။ မမြင်ကွယ်ရာ၌လည်း ဘယ်တော့မှမတွေ့ခဲ့ပေ။ ယုတ်စွအဆုံး ညဖက်တွေပင် ဖေဖေတို့မရှိဘဲ နှစ်ယောက်တည်းချိန်းမတွေ့ခဲ့ကြဘူးချေ။

အချစ် + မေတ္တာ = .......( အချစ် + မေတ္တာ = ....... )(Completed)Wo Geschichten leben. Entdecke jetzt