part.43(uni&zawgyi)

Start from the beginning
                                    

"ဂျိမ်း...အုန်း...."

ဒဏ်​ရာ​တွေနှင့်​ပြေးမလွတ်​​တော့မှန်းရိပ်​မိသွားသည့်
ထိုလူက...အနားမှာရှိတဲ့​ရေချိုးခန်းထဲ..​ဒယီးဒယိုင်​နှင့်​ပြေးဝင်​
သွားသည်​။

"ရပ်​လိုက်​စမ်း..."

​နေ..ချက်​ချင်းပဲ​ပြေးကာလိုက်​ဝင်​လာခဲ့​ပေမဲ့...
​သွေးအလိမ်းလိမ်းနှင့်..ထိုလူက..​ရေချိုးကန်​နားမှာ
လဲကျ​နေပြီဖြစ်​သည်​။

​နေ..အလိမ်​အညာဖြစ်​​နေမှာစိုး၍..​သေနတ်​ချိန်​
ထားလျက်​နှင့်..အနားကိုချဉ်းကပ်​သွားပြီး..​မှောက်​လျက်​
လဲကျ​နေတဲ့..ထိုလူကိုဆွဲလှန်​လိုက်​​တော့..ထိုသူက..
လုံးဝငြိမ်​သက်​​နေသည်​။

​နေ..စမ်းသပ်​ကြည့်လိုက်​ရင်း...

"အသက်​မရှိ​တော့ဘူးပဲ...."

Maskကိုဆွဲချွတ်​လိုက်​​တော့..အသက်​၂၅ခန့်ရှိ
ဂျပန်​လူမျိုးတစ်​ဦးမှန်းသိလိုက်​ရသည်​။

"မစ္စတာယန်း..ခင်​ဗျား..​စေတန့်ရဲ့​ဒေါသကို...
လာဆွ​နေတာပဲ...."

တစိမ့်စိမ့်ထွက်​​နေတဲ့​သွေး​တွေနဲ့..ဝမ်းဗိုက်​တစ်​ပြင်​လုံး
ဆုပ်​ဆွဲခံထားရသလို.နာကျင်​​နေ​သော်​လဲ.​နေအံကြိတ်​
တင်းခံထားရင်း..ပြန်​ထရပ်​လိုက်​ကာ..​ရေချိုးခန်း
နံရံမှာရှိ​နေတဲ့..အချက်​​ပေးခလုတ်​ကိုနှိပ်​လိုက်​ပြီး​နောက်​

~~~~~~~~~~~~💜💜💜

"​သွေးကအခုထိမတိတ်​​သေးဘူး..သခင်​​လေး...
ရရဲ့လား..."

​နေ..အန်​ကယ်​ဂျိမ်းရဲ့အ​မေးကို..မျက်​ဝန်း​တွေ
ဖိပိတ်​ထားရင်းမှ​ခေါင်းငြိမ့်လိုက်​သည်​။​

​နေ..ထိုင်​လျက်​ရှိ​နေသည့်...​မွေယာ​ပေါ်မှာလဲ...
​သွေး​တွေရွဲနစ်​​နေတဲ့..တစ်​သျူးစ​တွေကအပုံလိုက်​..
အတန်​ငယ်​နက်​သည့်..ဝမ်းဗိုက်​ကဒဏ်​ရာကို...
ချုပ်​​ပေး​နေသူက..D.rဘွဲ့ရထားတဲ့..​နေ့ရဲ့..​ဘော်​ဒီဂတ်​
တစ်​​ယောက်​...

"boss...အားလုံးလက်​စရှင်းပြီးပါပြီ..."

အနားကိုလာပြီး​ပြောတဲ့..ဇ,ရဲ့အသံကိုကြားမှ
​နေ..မျက်​လုံးဖွင့်ကြည့်လိုက်​ရင်း...

စေတန်ရဲ့သတို့သမီး ( Completed )Where stories live. Discover now