part.43(uni&zawgyi)

Magsimula sa umpisa
                                    

တစ်​ပြိုင်​ထဲမှာပင်​..​နေ့ကိုတိုက်​ခိုက်​လာတဲ့..ထိုလူ..

​သေသပ်​မြန်​ဆန်​ကာ..ကျွမ်းကျင်​​လှတဲ့..တိုက်​ခိုက်​
မူ့​တွေက..​​သေချာလေ့ကျင့်ထားတဲ့..လူတစ်​​ယောက်​မှန်း
သိသာ​နေသည်​။

ဒါ​ပေမဲ့လဲ..သူ့ထက်​ပိုပြီး..လျှင်​မြန်​ဖျတ်​လတ်​တဲ့
​နေ့ကို​တော့..အနိုင်​မယူနိုင်​ခဲ့..သူတစ်​ပြန်​ကိုယ်​တစ်​ပြန်​
တိုက်​ခိုက်​သတ်​ပုတ်​​နေရင်း..

​နေ့ရဲ့..ဝမ်းဗိုက်​ဆီက..ပူခနဲခံစားလိုက်​ရကာ
လူချင်းကွာသွားခဲ့သည်​။

​နေ..ကိုယ့်ကိုကိုယ်​ငုံ့ကြည့်လိုက်​​တော့..ဝမ်း​ဗိုက်​မှာ
စိုက်​​နေတဲ့..​ခြောက်​​ထောင့်ကြယ်​ပုံစံလက်​နက်​ပုန်း
တစ်​ခု....

"မင်းက..Venus ဂိုဏ်းကပဲ...."

Venusဂိုဏ်းဆိုတာ..​​သေချာလေ့ကျင့်​ပေးထား​သော
​ကြေးစားလူသတ်​သမား​တွေနှင့်ဖွဲ့စည်းထားသည့်
ဂျပန်​က..လျို့ဝှက်​ဂိုဏ်းတစ်​ခုဖြစ်​သည်​။ထိုဂိုဏ်းက
လူသတ်​ရာတွင်​လဲ..လက်​နက်​ပုန်းတစ်​မျိုးကိုသာ
အသုံးပြုတတ်​တာကိုလဲ..​နေ..သိထားသည်​။

​နေ..​သွေး​တွေတစိမ့်စိမ့်ထွက်​လာပြီဖြစ်​တဲ့..ဝမ်းဗိုက်​ကို
လက်​နှင့်ဖိကိုင်​ထားရင်း...

"ငါ့ကိုလုပ်​ကြံဖို့..မစ္စတာယန်းက..မင်းတို့ဂိုဏ်းကို
ဌားခဲ့တာလား..."

ထိုလူက..ပြန်​မ​ဖြေ..​နေ..တင်းခနဲအံကြိတ်​လိုက်​ရင်း

"​အောက်​တန်းကျတယ်​...​​ကောင်းပြီ...ဒီ​နေ့
ငါ့အခန်းထဲထိ​ရောက်​လာပြီးမှ​တော့..အသက်​ရှင်​
လျက်​ပြန်​ထွက်​သွားနိုင်​ဖို့..​မျှော်​လင့်မ​နေနဲ့..."

စကားအဆုံး..လျှင်​မြန်​စွာနှင့်ပဲ..​ခြေ​ထောက်​နှင့်
မလှမ်းမကမ်းမှာကျ​နေတဲ့..​သေနတ်​ကို​ခြေဖြင့်
ခတ်​ကာ..ဖမ်းယူလိုက်​သည်​။

​နေ့..လက်​ထဲ​သေနတ်​ပြန်​ရသွားတာနှင့်..လူသတ်​သမားက
ချက်​ချင်းလှည့်​ပြေးရန်​ပြင်​လိုက်​​ပေမဲ့...

"ဒုတ်​...ဒုတ်​..."

"အား..."

လက်​​ဖြောင့်လှတဲ့..ပစ်​ချက်​တွေ​က..ထိုသူရဲ့ဝဲဘက်​
ရင်​အုံတည့်တည့်ကိုဆင့်ကာဆင့်ကာ..ထိမှန်​သွားခဲ့ပြန်​ပြီး...

စေတန်ရဲ့သတို့သမီးTahanan ng mga kuwento. Tumuklas ngayon