part.43(uni&zawgyi)

ابدأ من البداية
                                    

​နေ..လက်​​ဆေးပြီး​တော့..ဖုန်း​ပြောလျက်​နှင့်..​ရေချိုးခန်း
ထဲကပြန်​ထွက်​လာခဲ့သည်​။

"Ok..see you......"

ဖုန်းချလိုက်​ရင်း..မျက်​ဝန်း​တွေက...အခန်းထဲကို
​ဝေ့သွားတဲ့အခါ..မျက်​ခုံးတန်း​တွေတွန့်ချိုးသွားရသည်​။

​နေ့နဲ့မျက်​နှာချင်းဆိုင်​မှာရှိ​နေတဲ့..မှန်​နံရံကြီးမှာ
​ပေါ်​နေခဲ့တဲ့..​နေ့ရဲ့ပုံရိပ်​အပြင်​..​နောက်​ထပ်​ဝိုးတဝါး
ပုံရိပ်​တစ်​ခု...၊

​နေ..ဖျပ်​ခနဲလှည့်ကြည့်လိုက်​​တော့..ဘယ်​သူမှ
ရှိမ​နေခဲ့...​နေ..​သေနတ်​ရှိ​နေတဲ့..ကုတ်​အင်္ကျီအတွင်း
အိတ်​ထဲကို..လက်​နိူက်​ကာ..သတိအ​နေအထားနှင့်
အခန်းထဲကိုလှည့်ပါတ်​ကြည့်လိုက်​စဉ်​...

"ဝှီး..."

​လေကိုထိုးခွင်းလာတဲ့..အသံတစ်​ခု​ကြောင့်..​နေ...
လျှင်​မြန်​စွာ..ကိုယ်​ကိုတစ်​ပါတ်​လှည့်​ရှောင်​လိုက်​တာနဲ့
တစ်​ပြိုင်​ထဲ..ကုဒ်​အင်္ကျီထဲကလက်​ကပါ..ဖျပ်​ခနဲ
လူပ်​ရှားသွားခဲ့ပြီး.....၊

"ဒုတ်​..."

အသံတိတ်​​ပြောင်းတပ်​ထားသည့်..ပစ္စတိုရဲ့..
ဦးတည်​ရာမှာရှိ​နေတဲ့..အဖြူ​ရောင်​လိုက်​ကာစကြီး
​သွေးစွန်းသွားခဲ့​နောက်​..လိုက်​ကာ​နောက်​က​နေ
လိမ့်ပြီးထွက်​လာတဲ့...အနက်​​ရောင်​ဝတ်​စုံနှင့်..
Maskတပ်​ထားတဲ့လူတစ်​​ယောက်ထိုသူက...
ကျည်​ဆန်​မှန်​သွားသည့်.....ပခုံးကိုလက်​နှင့်ဖိဆုပ်​
ထားရင်း..ထရပ်​သည်​။​နေ..​သေနတ်​နှင့်ချိန်​ထားရင်း

"မင်းဘယ်​သူလဲ..."

​မေးလိုက်​​ပေမဲ့..ပြန်​မ​ဖြေတဲ့ထိုလူရဲ့လက်​ကရိပ်​ခနဲ
လူပ်​ရှားသွားခဲ့ပြန်​ရင်း

"ဝှစ်​..."

ထိုလူပစ်​လိုက်​တဲ့လက်​နက်​ပုန်းကို​ရှောင်​ဖို့..အာရုံ
​ရောက်​သွားစဉ်​...ဒဏ်​ရာနှင့်လူက..​နေ့အနားကို
​လေ၏အလျှင်ဖြင့်​​​လျှင်​မြန်​စွာနီးကပ်​လာခဲ့ပြီး....

"​ဖြောင်း.."

"ဒုတ်​..."

​သေနတ်​ကိုင်​ထားတဲ့လက်​​ကို...ကန်​လိုက်​​တော့..
​နေ့လက်​ထဲက...​သေနတ်​လွင့်စင်​ကျသွားခဲ့သည်​။

စေတန်ရဲ့သတို့သမီးحيث تعيش القصص. اكتشف الآن