အပိုင်း(32)‼️

Comincia dall'inizio
                                    

"လွယ်တော့ မလွယ်ပေ့မယ့် ထိုးဖောက်ကြည့်မယ်လေ။ ငါလဲ ကူညီမယ် ​ဦးမြတ်မင်းထင် လဲ ကူညီမှာပါ သူနဲ့မင်း ရင်းနှီးနေတာပဲ "

"အွန်း.. သူနောက်အပတ် လာမှာမလား အဲ့ချိန်မှ သေချာဆက်ပြောကြတာပေါ့"

သူနဲ့စကား ဖြတ်ပြီး ရှိန်း ကသားနဲ့ ပြန်ဆော့နေသည်။ဓန လဲCompany ကပါလာတဲ့ အလုပ်လေးတွေကိုတေဇနဲ့ အတူလက်စဖြတ်နေကြသည်။

မှိုင်း သူ့ဆိုင်ကပြန်ရောက်လာပြီ ထင် ကားသံကြားလိုက်ရသည်။

"ဘဲကြီး! "

" မှိုင်း ပြန်လာပြီလား ဆိုင်ကသိမ်း ပြီပြီလား "

"ပြီပြီး အကုန်လက်စဖြတ်ပြီးမှ ဘဲကြီးတို့နဲ့ ထမင်းအတူစားချင် လို့ ပြန်လာတာ။ ဘာမှတောင်မစားခဲ့ရသေးဘူး သက်ပိုင်ရော "

"နောက်ဖေးမှာ ညနေစာ ချက်ပြုတ်နေလေရဲ့ "

မှိုင်း တေဇ ခေါင်းကို နမ်းလာမို့ တေဇ အနည်းငယ်ရှောင်တိမ်းလိုက်သည်။ ဓန အထင်လွဲသွားလို့မဖြစ်။

"ဝါးး.. ငါတူလေး လာပါဦး ကယ်ကယ်ဆီ အမလေး ဖြူဖွေးနေတာပဲကွာ ငါ့ဆက်ကလေးက သူ့အဖေနဲ့များကွာပ့"

"ဟျောင့်!!! ပြန်....ပြန်မင်းတို့တွေပြန်ကြကွာ ဘာထမင်းမှ မရှိဘူး တေဇ မင်းဟာလေးမင်းခေါ်ပြီး ပြန်လိုက်တော့ "

ဓန အမူယာကြောင့် သူတို့ ရယ်ကြပြန်သည်။

"ဟား!!!မှိုင်းပြောတာ ဘာမှားလို့လဲ "

"ဘဲကြီး "

"ဗျာ "

"ဆက်ကလေး ကရယ်လိုက်ရင် ပါးချိုင့်လေးနဲ့ နော် "

မှိုင်း ကိုဓန မမြင်အောင် တေဇကို မျက်စိတစ်ဖတ် မှိတ်ပြလိုက်သည်။

"ဟုတ်တယ်မှိုင်း.... ကိုလဲ သတိထားမိလို့ကြည့်နေတာ ဓနရော သက်ပိုင်မှာ ပါးချိုင့်မပါဘူးတစ်ယောက်တစ်ယောက်နဲ့ တူနေ သလိုပဲ "

"ဟုတ်တယ်လို့ သေချာရင်းနှီးနေတာ အနီးနားကတစ်ယောက်ယောက်
ပဲ "

"ဟာ.... ကိုယ်သိပြီ ရှိန်းမင်းဆက် မင်းရယ်ပြစမ်း"

ရှိန်းမင်းဆက် ဘာမှမသိ လဲယောင်ယမ်းကာ ရယ်ပြတော့သည်။

"အငြိုးတွေသာပြယ်စေသား"(Complete) Dove le storie prendono vita. Scoprilo ora