ဒီကောင်လေး တစ်နေကုန်ရေစိုနေခဲ့တာပဲ...အခုဖျားနေပြီထင်တယ်.....
ပစ်စလက်ခတ် မထားခဲ့ရက်တာကြောင့်.....
" ဘယ်သွားမလို့လဲ..."
ရှဲ့ဟယ်က သူ့ကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ကာ....
"အော်...အစ္ကိုကိုး...ကျွန်တော် ဆေးသွားဝယ်မလို့...."
ကျန်းဇီဟန် ဇိုးဇိုးဇတ်ဇတ်နဲ့ ရှဲ့ဟယ်ရဲ့ နဖူးကိုစမ်းကြည့်လိုက်တဲ့အခါ ခြစ်ခြစ်တောက် ကိုယ်ပူမှန်း သိလိုက်ရတယ်....
"လက်ထောက်တစ်ယောက်ယောက်ကို ဘာလို့ သွားမဝယ်ခိုင်းရတာလဲ...မင်း တော်တော်ကိုယ်ပူနေပြီ. "
ရှဲ့ဟယ်က ခေါင်းယမ်းပြလိုက်ပြီး.....
" သူလည်းတစ်နေကုန် ပင်ပန်းထားတာ...ညပိုင်းလေးမှ ကောင်မလေးနဲ့သွားတွေ့ရတာ...အရမ်းဆိုးဆိုးဝါးဝါးကြီးမှမဟုတ်တာ..အဲ့တာကြောင့်သူ့ကို ခေါ်မနေဘဲကိုယ့်ဘာကိုယ် ဆေးသွားဝယ်မလို့...."
ကျန်းဇီဟန် စိတ်မကောင်းဖြစ်နေမိတယ်.....
မင်းဟွေက တခြားအနုပညာရှင်တွေနဲ့မတူဘူးလို့ ချီးကျူးနေတာ ဒါ့ကြောင့်ကိုး....လက်ထောက်အတွက်တောင် သေချာတွေးပေးနေသေးတယ်.....
" သြား လှဲနေလိုက်...ကိုယ် မင်းအတွက် ဆေးသွားဝယ်ပေးမယ်...."
ထိုစကားကြောင့် ရှဲ့ဟယ် ရှက်သွားပြီး ကပြာကယာငြင်းတော့တာပဲ.....
" မဟုတ္တာ...အစ်ကိုလည်း တစ်နေကုန်ပင်ပန်းထားတယ်မလား....မခိုင်းရက်ပါဘူးဗျာ...."
ကျန်းဇီဟန် မျက်ခုံးပင့်လိုက်ပြီး ရှဲ့ဟယ်ကို
လက်ကောက်ဝတ်ကနေ ဆွဲခေါ်သွားပြီး အခန်းထဲ ပြန်ပို့ပေးလိုက်တယ်....."ကိုယ် မပင်ပန်းပါဘူး...မင်းဖျားနေပြီ....မင်းကောင်းကောင်း အနားမယူရင် မင်းကြောင့် ရိုက်ကူးရေးတွေ ကြန့်ကြာကုန်လိမ့်မယ်...အဲ့လိုဖြစ်စေချင်လို့လား...."
ထိုအခါမွသာ ရှဲ့ဟယ် ငြိမ်ကျသွားပြီး မျက်နှာပူပူနဲ့....
" ဒါ..ဒါဆိုလည်း အစ်ကို့ကိုပဲ ဒုက္ခပေးရတော့မယ်...."
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။
CH 73
Start from the beginning