[ 444: ဘာကို မိတ်ဆွေဖွဲ့မှာလဲ....အဲ့တာ host တာ့တာ့ရဲ့ လင်လုဖက်!!!!]

[ရှဲ့ဟယ်: ဘေဘီကလည်း...သူ့ကြည့်ရတာ လင်လုဖက်နဲ့မတူပါဘူးကွာ... လောလောဆယ် သူလည်း ငါ့ကိုမှ မသိသေးတာ.....မင်း..စဉ်းစားကြည့်...ရှီမင်းဟွေက ရီဇဲကို သိပ်ချစ်တာ...အဲ့တော့ ရီဇဲ ကြိုက်နေတဲ့သူကို မြင်နေမှတော့ ဘယ်လို လျစ်လျူရှုထားနိူင်မှာလဲ....သူ့အကြောင်းပိုသိအောင် နီးနီးကပ်ကပ်နေမှဖြစ်မှာပေါ့....]

[ 444: တကယ်လား...(⊙o⊙)]

[ရှဲ့ဟယ်: တကယ်ပေါ့....စကားမစပ် ကျန်းဇီဟန်ရဲ့ နှစ်သက်မှုလေး စစ်ပေးစမ်းပါဉီး....]

[ 444: 30..]

ရှဲ့ဟယ် ကျန်းဇီဟန်နားကို ရောက်တာနဲ့ပေါ့ပေါ့ပါးပါးနှုတ်ဆက်လိုက်တယ်....

" Hi"

ကျန်းဇီဟန်ကလည်း ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်ပါတယ်.....

ရှီမင်းဟွေရဲ့ အစီအစဉ်တွေကို ကြည့်ဖူးတဲ့အတွက် သူ ရှီမင်းဟွေကို သိနေတာမဆန်းပေမယ့် ရှီမင်းဟွေ သူ့ကို သိနေစရာအကြောင်းမှ မရှိတာ....ဘာ့ကြောင့် သူ့ဆီရောက်လာတာလဲ....

ရှဲ့ဟယ်ကလည်း ဒါကို သိနေတဲ့အတွက်....

" ခုနက ကောင်မလေးတွေ ပြောနေတာကြားလိုက်တယ်.....ဒီဇိုင်နာချောချောလေးတစ်ယောက်ရောက်နေတယ်...မသိရင် မင်းဟွေနဲ့ အမြွှာတွေကျနေတာပဲတဲ့....ကျွန်တော်လည်း စပ်စုချင်တာနဲ့လာခဲ့လိုက်တာ...အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်...."

Big starကြီး ရှီမင်းဟွေ ဒီလောက်ချစ်ဖို့ကောင်းမှန်း အခုမှသိလိုက်ရတဲ့ ကျန်းဇီဟန်ကတော့ အားပါးတရပြုံးလိုက်ပြီး....

" ရပါတယ်...ဘာကြောင့် စိတ်အနှောက်အယှက်ဖြစ်ရမှာလဲ...."

ရှဲ့ဟယ်ကို ကြည့်ရတာ သိပ်ပျော်နေသလိုပဲ....တခဏအတွင်းမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ပျောက်ကွယ်သွားပြီး ကြည်လင်ရှင်းသန့်လာတယ်.....

" ကံကြမ္မာက ကျွန်တော်တို့နှစ်ယောက်ကို တွေ့ခွင့်ပေးလိုက်သလိုပဲနော်.....နောက်ဆိုလည်း အလုပ်မှာ ဂရုစိုက်ပေးပါဉီး...."

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now