ဒီကြားထဲမှာ ဖူယွမ်နဲ့ ခဏခဏတွေ့နေရတယ်....အရင်ကတော့ မနှစ်မြို့ပေမယ့် ယဉ်ကျေးမှုအရ ခေါ်​ပြောနှုတ်ဆက်ခဲ့ပေမယ့် အခုဆို မူလခန္ဓာကိုယ် ရှီမင်းဟွေစရိုက်အတိုင်း ရီဇဲမ​ကြိုက်တာတွေကို ဝေးဝေးကရှောင်နေလိုက်ရတယ်။

ဖူယွမ်ကတော့ ပလစ်ခံရလည်း အပြုံးမပျက်ဘဲ ပိုကောင်းတဲ့ အခွင့်ရေးရလာအောင် စိတ်ရှည်သည်းခံစောင့်ဆိုင်းနေခဲ့တယ်။

ဒီလိုနဲ့ ရှဲ့ဟယ် ရုပ်ရှင်ရိုက်ရမယ့်အချိန်ကိုရေုက်ရှိလာခဲ့တယ်။

ရိုးသားသည်ဖြစ်စေ၊မရိုးသားသည်ဖြစ်စေ ရိုက်ကူးရေးပွဲပေးတဲ့နေ့မှာ  လောလောလတ်လတ် သရုပ်ဆောင်ထူးချွန်ဆုရထားတဲ့ ရှဲ့ဟယ်ဘေးမှာ မင်းပုရိသတ်တွေဝိုင်းဝိုင်းလည်နေခဲ့တယ်။

ရှဲ့ဟယ်ကတော့ ဒါတွေကို ဂရုစိုက်မနေဘဲ လူအုပ်ကြီးပြင်ဘက်မှာ သီးခြား မတ်တပ်ရပ်နေသူတစ်ယောက်ဆီမှာ အကြည့်တွေ တဝဲဝဲလည်နေခဲ့ပါတယ်။

အဲ့လူကို ရှဲ့ဟယ် တစ်ခါမြင်ဖူးရုံနဲ့တင် မှတ်မိနေတယ်.....

သူကတော့ လက်ရှိ ရှဲ့ဟယ်ရိုက်ကူးမယ့် ရုပ်ရှင်အတွက် အဝတ်အစားဒီဇိုင်နာတစ်ဖြစ်လဲ ကျန်းဇီဟန်ပါပဲ......

ဒီအကြောင်းတွေကို ကြိုသိနေတဲ့ ဖူယွမ်က ကျန်းဇီဟန်အကြောင်းကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြောခဲ့တာပါ။

ကမ္ဘာကြီးက ထင်ထားတာထက်တောင် အဆင်ပြေပြေလည်ပတ်နေတဲ့အတွက် ရှဲ့ဟယ်ပြုံးလိုက်မိတယ်....အခုဆို ကျန်းဇီဟန် ပြည်​တော်ပြန်လာအောင် တကူးတက စဉ်းစားနေစရာမလိုတော့ဘူးလေ။

ကျန်းဇီဟန်က ရီဇဲ ရင်ထဲက ကြာဖြူပန်းလေးဖြစ်နေတဲ့အတွက် ဝေးဝေးမှ နေခိုင်းလို့မှ မဖြစ်တာ။ရှဲ့ဟယ်အတွက် ဘယ်လိုပဲ အံ့သြရစေဉီးတော သူ့ရဲ့ တဖက်သတ်အချစ်ဇာတ်လမ်းလေး မပြီးမြောက်နိုင်ကြောင်းနှိုင်းယှဉ်ပြနိုင်ဖို့ ကျန်းဇီဟန် သူ့ဘေးနားမှာ ရှိနေဖို့လိုအပ်တယ်။

ရှဲ့ဟယ် အမူအရာပြင်လိုက်ပြီး ကျန်းဇီဟန်ဆီ သွားလိုက်တယ်........

[တုန်လှုပ်နေသော 444: host တာ့တာ့ ဘာသွားလုပ်မလို့လဲ....]

[ ရှဲ့ဟယ်: မိတ်ဆွေသွားဖွဲ့မလို့လေ...😁]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now