တည့်သာမပြောပေမယ့် စကားအသွားအလာအရ သူဘယ်တော့မှ ရီဇဲနားက ထွက်မသွားနိုင်ကြောင်း တစ်နည်းတစ်ဖုံ သတိပေးနေခဲ့တယ်။
ဝေကျန်းချင်းလည်း ဘယ်လိုမှ နားချလို့မရတော့တဲ့အတွက် လက်လျှော့လိုက်ရတယ်။ဘာပဲပြောပြော ရှဲ့ဟယ်က တခြားအနုပညရှင်တွေလို ပြသာနာပေါင်းသောင်းခြောက်ထောင်လိုက်ရှာနေတဲ့သူမှမဟုတ်တာ....
ရှဲ့ဟယ် ဝေကျန်းချင်းကို ပြန်ပို့လိုက်ပြီး သက်ပြင်းချလိုက်မိတယ်....
အနုပညာရှင်တစ်ယောက်ဖြစ်ရတာ ပင်ပန်းလိုက်တာ....ဒဏ်ရာတွေသာ နည်းနည်းပိုပြင်းရင် အခုနေ ဆေးရုံမှာ အနားယူနေရလောက်ပြီ။ ရီဇဲလဲ နောင်တရနေလောက်ပြီ။
[444: host တာ့တာ့...ကျန်းဇီဟန် ပြန်လာတော့မယ်....host တာ့တာ့ကို ကြည့်ရတာ စိုးရိမ်တဲ့ပုံလည်းမပေါ်ဘူး....]
ခုနကတည်းက ပြောချင်နေတာ...host တာ့တာ့ရဲ့ သရုပ်ဆောင်စကေးလေးထိခိုက်သွားမှာစိုးလို့ ငြိမ်နေရတာကို.....
[ ရှဲ့ဟယ်:....အမှန်တိုင်းပြောရရင် .....ငါ သူ့ကိုအရမ်းတွေ့ချင်နေပြီ.....]
【444:( ⊙o ⊙) Ah?】
[ ရှဲ့ဟယ်: ကူးပြောင်းခဲ့တဲ့ ကမ္ဘာတိုင်းမှာ ငါ့ခန္ဓာကိုယ်ကို သာယာမှုပေးနိူင်တဲ့သူတွေနဲ့ပဲတွေ့ခဲ့ရတာ...အခုလို မှန်ကြည့်နေရသလို ရုပ်ချင်းဆင်တဲ့သူမျိုး မတွေ့ဖူးသေးဘူး...ဒီကမ္ဘာမှာ ကျန်းဇီဟန်နဲ့တွေ့ရပြီ.....သူ့က ငါ့အကြိုက်ဆိုတော့ သူငယ်ချင်းကောင်းတွေဖြစ်လာလောက်မယ်ထင်တယ်....]
[ရှဲ့ဟယ်: ဘေဘီ စိတ်အေးအေးထားစမ်းပါ...]
[444: ဘယ်လိုမှ စိတ်အေးအေးမထားနိုင်ဘူး.....OOC ဖြစ်တာနဲ့ ကိစ္စတုံးမယ်ဆိုတာ သိသေးရဲ့လား!!!!]
[ရှဲ့ဟယ်: ငါသိပါတယ်ကွာ...]
[444: တကယ်လား...]
[ရှဲ့ဟယ်:တကယ်ပြောတာပါကွာ...ငါမင်းကို ဘယ်တုန်းကများ စိတ်ပူအောင် လုပ်ခဲ့ဖူးလို့လဲ....]
【444:……】ဒီစကားကြီးက ကျိုးကြောင်းဆီလျော်တယ်ထင်ရပေမယ့်...ဘာလို့များ စိတ်လေးနေရတာလဲဟင်???
ရက်အနည်းငယ် အနားယူပြီးနောက်မှာ ဒဏ်ရာတွေက မိတ်ကပ်နဲ့ဖုံးဖိလို့ရတဲ့အထိ သက်သာလာတာကြောင့် ရှဲ့ဟယ် လုပ်ငန်းခွင် ပြန်ဝင်ခဲ့ရတယ်.....
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။
CH 72.2
Start from the beginning