3. နန်းယွန်း

9 0 0
                                    

နန်းယွန်း

ဒီနေ့နန်းရဲ့မွေးနေ့မလို့ နန်းမနက်အစောထလိုက်သည်။ ၁၃ နှစ်ပြည့်မွေးနေ့လေ။ နန်းအတွက်ဘာမှထူးထူးခြားခြားမရှိပါဘူး။ နန်းမွေးနေ့ကိုလည်းဘယ်သူမှအရေးတစ်ယူလုပ်တာမဟုတ်။ တကယ်ကနန်းတို့တစ်အိမ်လုံးမွေးနေ့ဆိုတာကို သာမန်လိုဖြတ်သန်းကြတာဖြစ်သည်။
ဒါပေမဲ့ နန်းမွေးနေ့တိုင်း တစ်ခုတော့အမြဲကြုံရသည်။ ၆နှစ်ပြည့်မွေးနေ့မှာစတာ။ နန်းရဲ့အိပ်ခန်းပြတင်းပေါက် နဲ့တန်းတန်းမှာ တမာပင်ရှိသည်။ နှစ်တိုင်းနန်းမွေးနေ့ရောက်ရင် တမာပင်မှာ တောပန်းလေးတွေစီးထားတဲ့ပန်းစည်း တစ်ခုအမြဲရှိတတ်သည်။ သစ်ခွပန်းတွေလည်းပါပါရဲ့။
ဒီနှစ်လည်း ရှိမယ်လို့ယုံကြည်သည်။
နန်းပြတင်းပေါက်ဖွင့်ရင်းကြည့်လိုက်တော့ ခရမ်းရောင်ပန်းအရှည်လေးတွေစီးထားတဲ့ပန်းစည်းကိုတွေ့လိုက်သည်။
လှမ်းယူရင်းနန်းရှိုက်ကြည့်တော့ စိတ်ကိုလန်းဆန်းသွားတာပဲ။ အနံ့ကတော်တော်မွှေးသည်။ နန်းတစ်ယောက် သွားလေးတွေပေါ်တဲ့အထိပြုံးနေတာကိုတစ်စုံ တစ်ယောက်ကကျေနပ်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေခဲ့တာကိုတော့ နန်းမသိလိုက်ပါ။

၇နှစ်ဆက်တိုက်ပန်းပို့တာဘယ်သူပါလိမ့် ။ နန်းမှာအသိမိတ်ဆွေလည်းများများစားစားမရှိ။ ရှိတဲ့မိတ်ဆွေတွေကလည်း နန်းကို ပန်းကတော့ပေးမှာမဟုတ်ဘူး။ ပေးရင် ဓါးမြှောင်တို့ အပ်တို့ပဲပေးမှာကိုး။ နန်းကအမြဲ ယောက်ကျားလေးဝတ်တဲ့ဝတ်စုံကိုဝတ်တတ်သည်။ နန်းရဲ့ဝတ်စုံကအဖြူကိုမှအပြာအနုအနည်းငယ်ရောသည်။ ကိုယ်ကြပ်အိမ်ကျီ ရယ်ဘောင်ဘီရှည်အပွဝတ်ရင်း အပေါ် ဝတ်ခြုံထည်ကိုခြုံပြီး ခါးကြိုးစည်းလိုက်သည်။ အနည်းငယ်လှိုင်းတွန့်ပါပြီး ဖောင်းကားနေတဲ့ဆံပင်မှာ ခါးထိနေပြီဖြစ်သည်။ နှဖူးစီးကြိုးကို ခေါင်းမှာပတ်လိုက်ပြီး ဖိနပ်ဝတ်လိုက်သည်။ နန်းရဲ့နေ့စဥ်အဝတ်အစားက ဒါပဲ ။ စကားပြောရင် ခပ်ပြတ်ပြတ်ပြောတတ်ပြီးဒေါသကြီးတတ်တဲ့ နန်းယွန်းက မိန်းကလေးမဆန်ပါ။ ရုပ်ကတော့အကြည့်ခံလေး။ တစ်ခါတစ်ရံ ကောင်လေးနဲ့လွဲကြသေးတယ်။ ချောတဲ့ထဲပါပေမဲ့ မိန်းကလေးဆန်တဲ့ အသွင်အပြင်မရှိ။ ပါးကလည်းဖောင်းနေသေးတယ်။ နန်းကိုယ်တိုင်ကလည်းနွဲ့နွဲ့နှောင်းနှောင်းမနေတတ်ပါ။

Reincarnated Love Où les histoires vivent. Découvrez maintenant