"မြေးငယ် တော်လိုက်တော့"
ဓန ဒေါသတို့မပြေနိုင်သေးပါပဲ
ဦးဝေစိုး၏ ဆံပင်တို့ကနေ ဆွဲမ၍
" ခွေးကောင် မင်းလုပ်ရပ်တွေပြောပြလိုက်လေ"
"အာ့....ကျွန်တော်မှားသွားပါတယ် ရှင်းပကတိကိုလိုချင်လွန်းလို့ လုပ်ရပ်အမှားတွေကျူးလွန်မိပါတယ်"
"မောင်!!!!!မဟုတ်ဘူးမလား"
"ကျွန်တော်မှားသွားပါတယ်မ ကျွန်တော့်ကိုခွင့်လွတ်ပါ"
"ပြောလိုက်လေ အားလုံးကမင်းတစ်ယောက်ပဲ ကြံစည်ခဲ့တာဆိုတာ"
"ရှင်းပကတိကို ပြန်ပေးဆွဲပြီး မတော်မတရားကြံရွယ်ဖို့စီစဥ်ခဲ့မိပါတယ်"

"အို!!!!!"
"ယုတ်မာလိုက်တာ"
ထိုပြသနာအားကြည့်နေသော လူများရဲ့မျက်ဝန်းများတွင် ဦးဝေစိုးအားစက်ဆုပ်ရွံရှာမှုများအပြည့်

ဓန ဒေါ်ချမ်းပြည့်စုံအားစေ့စေ့ကြည့်လိုက်ပြီး
"ကြားတယ်မလား အန်တီငယ် ခင်ဗျားယောက်ျားတစ်ယောက်ထဲ ကြံစည်ခဲ့တယ်ဆိုတာ"
"......."
ဒေါ်ချမ်းပြည့်စုံ ဘာတစ်ခွန်းမှ ထပ်မပြောတော့

ဓန ဂျမ်းဂျမ်းနောက်တွင် ရပ်ကာ ငိုရှိုက်နေသော ပကတိအားလက်မှဆွဲကာ အားလုံးရှေ့ဆွဲထုတ်လာ၍
"တောင်းပန်ပါ"
"ဘာ!!!!!!"
"သူ့ကိုအားလုံးရှေ့မှ အရှက်ခွဲခဲ့တယ်မလား အဲ့တာမလို့ အားလုံးရှေ့မှာ ပြန်တောင်းပန်ပါ"
"စည်းစိမ်ဓန!!!!!!"
'ခင်ဗျားယောက်ျားနဲ့ ခင်ဗျားပြသနာကနောက်မှရှင်း ခုပကတိကိုတောင်းပန်လိုက်"
"ဘာရယ်....ငါကအဲ့အစေခံမကိုတောင်းပန်ရမယ်ဟုတ်လား"
"အစေခံ.....အဟွန်းးးး သူက ကျွန်တော့်ရဲ့!!!!!"
"တော်သင့်ပြီစည်းစိမ်ဓန"
ဒေါ်မေနီလာ သားထပ်ပြောမည့်စကားတွေအားမကြားနိုင်စွာဝင်ဟန့်တားလိုက်မိသည်
"စကားကျွံရင်နှုတ်ရခက်တယ် ခုအားလုံးလဲ ပြသနာကိုသိပြီးပြီပဲ တော်သင့်နေပြီ"
"မာမီ!!!!!"
"ရှင်းပကတိ မတရားခံလိုက်ရတာ မြင်လို့ဒေါသမထိန်းနိုင်တယ်ဆိုတာ နားလည်တယ် အားလုံးလဲ အမှန်တရားသိသွားကြပြီပဲ ကိုသက်နိုင် ရှင်လဲ ပြသနာကိုသေချာသိပြီပဲ မင်္ဂလာကိစ္စဘယ်လိုလုပ်ချင်လဲ"
ဒေါ်မေနီလာစကားအဆုံး ဦးသက်နိုင် သက်ပြင်းတစ်ချက်ချရင်း
"ပကတိလေး တစ်စုံတစ်ခုဖြစ်ခဲ့သည်ဖြစ်စေ မဖြစ်ခဲ့သည်ဖြစ်စေ ဘာမှမထူးခြားသွားပါဘူး ကျွန်တော်နားလည်ပြီးသားပါ ဒါကြောင့် မင်္ဂလာပွဲကို အစီအစဥ်အတိုင်းဆက်လုပ်ကြတာပေါ့"
"ဘယ်သူ့သဘောနဲ့လဲ"
ဦးသက်နိုင်စကားဆုံးလျှင်ပဲ ဒေါသတကြီးဟိန်းထွက်လာသည့်စကားသံ
"သတ္တိရှိရင်လုပ်ကြည့်လိုက် စည်းစိမ်ဓနဆိုတဲ့ကောင်ရဲ့ အပိုင်ကိုထိရင် ဘယ်လိုဖြစ်မလဲဆိုတာ ခင်ဗျားနဲ့ဥပမာပေးပြမယ်"
"မြေးငယ်!!!!"
"စည်းစိမ်ဓန!!!!!"
ဓန တောက်တစ်ချက်အား​ခပ်ပြင်းပြင်းခေါက်လျက်
ပကတိအား ဒေါသမျက်ဝန်းတွေဖြင့်ကြည့်ကာ
"မင်းလဲ တခြားတစ်ယောက်ကိုလက်ထပ်ဖို့ထပ်တွေးရဲထပ်တွေးကြည့် ငါ့အကြောင်းသိစေရမယ် ငါဒေါသထွက်ရင်ဘာမှမြင်တာမဟုတ်ဘူးနော်"
ခွမ်း💥
ဓန ဒေါသတို့ဦးတည်ရာက စားပွဲထက်မှ အလှပန်းအိုးများအားဦးတည်သွားရလေသည်
"မာမီတို့လဲ သူ့ရဲ့လက်ထပ်ပွဲစီစဥ်ပေးကြည့်လိုက် မာမီ့သားကို လူသတ်သမားဖြစ်စေချင်ရင်ပေါ့ တောက်!!!!"
တောက်ခေါက်သံအကျယ်ကြီးက လွှမ်းမိုးသွားလေပြီး
ထိုနေရာမှ ဒေါသတကြီးထွက်သွားသူ

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now