part.40(uni&zawgyi)

Start from the beginning
                                    

ဗန်းကိုစားပွဲ​ပေါ်တင်​လိုက်​ပြီး..​ဆုံလည်​ကုလားထိုင်​
​လေးမှာ..ထိုင်​ကာ..ဖုန်း​ပြော​နေတဲ့သူ့ကို​စောင့်
​နေမိသည်​။

ဒီတစ်​ခါ​တော့..ဂျပန်​လူမျိုးတစ်​​ယောက်​နဲ့သူဖုန်း
​ပြော​နေဟန်​တူသည်​။

"သူက..ဂျပန်​စကားလဲ.အရမ်းကျွမ်းတာပဲ..."

အသင်​..သူစကား​ပြောတာကိုနား​ထောင်​ပြီး...
စိတ်​ထဲက​နေချီးကျူးလိုက်​မိသည်​။ထိုအချိန်​
သူက..ဖုန်း​ပြောပြီး​တော့ အသင့်နားကိုပြန်​​လျှောက်​
လာကာ..ကုတင်​​ပေါ်တွင်​ဝင်​ထိုင်​လိုက်​သည်​။

"မအိပ်​​သေးဘူးလား..​နောက်​ကျ​နေပြီကို..."

"ဟင့်အင်း..အသင်​..ဗိုက်​ဆာလို့..တစ်​ခုခုဆင်းစား
တာ..အဲ့ဒါ..​မေနွမ်းရှင့်အတွက်​..​ကော်​ဖီ​ဖျော်​​နေတာ
​တွေလို့..အသင်​ယူလာတာ.."

"​ကျေးဇူး..."

​ပြောရင်း..သူက​ကော်​ဖီခွက်​ကို..ယူကာ​သောက်​
လိုက်​သည်​။

"ရှင်​ဘာလို့..ညစာဆင်းမစားတာလဲဟင်​..."

"ကိုယ်မဆာလ်ို့..ည​နေ၄နာရီ​လောက်​မှ..​နေ့လည်​စာ
စားထားတာ​လေ..ဒီ​နေ့အလုပ်​နည်းနည်းများ​နေလို့​လေ..."

"ဪ..အဲ့လိုလား...."

သူ..ဘာမှထပ်​မ​ပြော​တော့..အသင်​စကားစရှာ
မရပဲဖြစ်​သွားရသည်​။

"ရှင်​..ဒီအချိန်​မှ​ကော်​ဖီ​သောက်​ရင်​အိပ်​မ​ပျော်​ပဲ
​နေဦးမယ်​..မနက်​ကျအ​စောကြီး​လေယာဉ်​စီးရမှာကို.."

အသင့်စကား​ကြောင့်..သူကရယ်​သည်​။

"အ​စောကြီး..မဟုတ်​ပါဘူး...၉နာရီမှ...ပြီး​တော့
ကိုယ်​က​ကော်​ဖီ​သောက်​ပြီး..အိပ်​မ​ပျော်​တဲ့အကျင့်
မရှိဘူး..."

"ဂျပန်​မှာ..အရမ်းလှတဲ့..​နေရာ​တွေရှိမှာပဲ​နော်​"

"မင်းငယ်​ငယ်​တုန်းက..ဂျပန်​​ရောက်​ဖူးတယ်​ဆို.."

​နေ..​မေးလိုက်​​တော့..သူမမျက်​နှာ​လေးညိုးသွားကာ

"​အင်း..ဒါ​ပေမဲ့..​ဆေးလာကုတာဆို​တော့..​ဆေးရုံက
လွဲရင်​..ဘယ်​မှမသွားခဲ့ရဘူး...အဲ့ဒီတုန်းကမှတ်​မှတ်​
ရရ...​နွေဦး​ရာသီလေ..ဆာကူရာပန်း​တွေပွင့်တဲ့အချိန်​..
ကိုကိုက..."

စေတန်ရဲ့သတို့သမီး ( Completed )Where stories live. Discover now