part.40(uni&zawgyi)

Start from the beginning
                                    

~~~~~~~~~~~~~~~~💜💜💜💜

"မမ​လေး..."

အသင်​..အိပ်​ခါနီး..ဗိုက်​ထပ်​ဆာလာ၍စားစရာ
တစ်​ခုခုယူရန်​..ထမင်​စားခန်းကိုဆင်းခဲ့လျှင်​....
​ကော်​ဖီ​ဖျော်​​နေသည့်..​မေနွမ်းကို​တွေ့လိုက်​ရသည်​။

"မမ​လေး..ဘာလိုလို့လဲ..."

"ဟို..အသင်​..ဗိုက်​ဆာလို့..စားစရာတစ်​ခုခုလာယူတာ
​မေနွမ်းက..​ကော်​ဖီ​ဖျော်​​နေတာလား..ဘယ်​သူ့အတွက်​လဲ"

"Boss..အခန်းက..လှမ်းမှာလို့ပါ..."

"အဲ့ဒါဆိုလဲ..ထားခဲ့​လေ..အသင်​အ​ပေါ်ပြန်​တက်​ရင်​
ယူသွားလိုက်​မယ်​..."

​ပြောရင်း..အသင်​..​ရေခဲ​သေတ္တာထဲက..နို့ဘူးနှင့်
ကိတ်​မုန့်ကိုထုတ်​ယူကာ..နို့ကိုဖန်​ခွက်​ထဲအနည်းငယ်​
ထည့်ကာ..​သောက်​ပြီးမုန့်စားလိုက်​မှ..ဗိုက်​ထဲက
​နေသာထိုင်​သာရှိသွားသည်​။ညစာလဲနည်းနည်းပဲ
စားထားတာ​လေ..သူက​တော့..မနက်​ဖြန်​အလုပ်​ကိစ္စနဲ့
ဂျပန်​သွားရမှာမို့..အလုပ်​အရမ်းများ​နေပုံရသည်​။

အသင့်ကိုလဲဂရုမစိုက်​နိုင်​..ညစာလဲဆင်းမစား​ပေ...

"မမ​လေး..ရပြီ​​နော်​..."

အသင်​..​မေနွမ်း..ယူလာ​ပေးတဲ့..​ကော်​ဖီဗန်း​လေးကို
ယူကာ..အ​ပေါ်ပြန်​တက်​လာခဲ့သည်​။

"မနက်​ဖြန်​ကစပြီး..သူနဲ့..၃,၄ရက်​​လောက်​မ​တွေ့
ရ​တော့ဘူး​ပေါ့..."

​ကိုယ့်အ​တွေးနဲ့ကိုယ်​ဝမ်းနည်းသွားရသည်​။သူ​ရော
အသင်​နဲ့ခွဲရမှာမို့..စိတ်​မ​ကောင်းဖြစ်​​နေမလားလို့
​တွေးလိုက်​မိ​ပေမဲ့...

"​ဒေါက်​..​ဒေါက်​..."

သူ့အခန်း​ရှေ့​ရောက်​လို့..တံခါး​လောက်​လိုက်​တဲ့
အခါ..ဖုန်း​ပြောလျက်​နှင့်​ပေါ်လာတဲ့သူ့​ကြောင့်..

"ဪ..ဒီအချိန်​ထိ..​တော်​​တော်​အလုပ်​များ​နေပါလား"

စိတ်​ထဲက​နေ​တွေးရင်း..အနည်းငယ်​စိတ်​တိုသွား
ရသည်​။တစ်​​နေကုန်​​ပစ်​ထားခံရတာမဟုတ်​လား...

သူက​တော့..တံခါးဖွင့်​ပေးပြီး..ဖုန်း​ပြောလျက်​နှင့်
အထဲပြန်​ဝင်​သွား​တော့..အသင်​..​ကော်​ဖီဗန်း​လေး
ကိုင်​ပြီးလိုက်​ဝင်​လာခဲ့သည်​။

စေတန်ရဲ့သတို့သမီးWhere stories live. Discover now