part.40(uni&zawgyi)

Start from the beginning
                                    

​နေ..တစ်​ကယ်​ပဲ..စိတ်​ပူ​နေပုံရသည့်..အန်​ကယ်​ဂျိမ်းရဲ့
ပခုံးကို..လှမ်းပုတ်​လိုက်​ရင်း...

"အဲ့​လောက်​လဲ..စိတ်​ပူမ​နေပါနဲ့..ပြီး​တော့..ဒီခရီးမှာ
အန်​ကယ်​..ကိုယ်​တိုင်​လဲ..ပါ​နေတာပဲ​
အဲ့လိုလူ​တွေကိုဘယ်​လိုကိုင်​တွယ်​​ဖြေရှင်းရမလဲ
.ဆိုတာ.ကျွန်​​တော်​​ကောင်း​ကောင်းသိတယ်​ကျွန်​​တော်​
တို့မရှိချိန်​မှာသာ..စံအိမ်​ရဲ့လုံခြုံ​ရေးကို..အမှား
အယွင်းမရှိ​အောင်​..စီစဉ်​ခဲ့ရမယ်​...အန်​ကယ်​.."

"ဟုတ်​ကဲ့ပါ..သခင်​​လေး...."

​ပြောပြီး..အခန်းထဲက​နေထွက်​သွားသည့်..သခင်​​လေးကို
ကြည့်ကာ...ဂျိမ်းသက်​ပြင်း​ငွေ့​ငွေ့ချလိုက်​သည်​။

အမြဲတမ်း..ပြသာနာတစ်​ခုကို..​သွေး​အေးတည်​ငြိမ်​စွာ
​ဖြေရှင်းတတ်​တဲ့ပုံစံက..သူ​ဌေးကြီး့..အတိုင်းပင်​....
အဲ့ဒါ​ကြောင့်လဲ..​နေကုဋာ ဆိုတဲ့သူကို..ဘယ်​သူမှ
မယှဉ်​နိုင်​ခဲ့တာ...အသင်္ချေဆိုတဲ့..မိန်းက​လေးသာ
သခင်​​လေး..ဘဝထဲပြန်​မ​ပေါ်လာခဲ့ရင်​..ဘယ်​​လောက်​များ
​ကောင်းလိုက်​မလဲ...အဲ့လိုသာဖြစ်​ခဲ့ရင်​..ဂျိမ်းလဲ
လူယုတ်​မာဖြစ်​စရာလိုမည်​မထင်​...

"ကျွန်​​တော့်ရဲ့လုပ်​ရပ်​​တွေကို..သခင်​​လေးသိသွားတဲ့
တစ်​​နေ့..ကျွန်​​တော့်ကိုလုံးဝခွင့်လွတ်​မှာမဟုတ်​ဘူး
ဆိုတာ..ကျွန်​​တော်​သိပါတယ်​...ဒါ​ပေမဲ့..ကျွန်​​တော်​
သူ​ဌေးကြီးကို​ပေးခဲ့တဲ့..ကတိကို​တော့..တည်​မှ
ဖြစ်​လိမ့်မယ်​..."

တစ်​ကိုယ်​တည်း..​ရေရွတ်​ရင်း..ဂျိမ်း..အိတ်​​ကပ်​ထဲက
ဖုန်းကိုထုတ်​ယူလိုက်​ကာ နံပါတ်​တစ်​ခုကို..​ခေါ်
လိုက်​သည်​။

"​အေး..ငါပါ...."

"..........."

"မင်းကို..တာဝန်​​ပေးထားတဲ့ကိစ္စ...."

"..........."

"အဲ့ဒီစား​သောက်​ဆိုင်​ကို..မီးရိူ့လိုက်​​တော့...လူ​တွေကို
မထိခိုက်​​စေနဲ့..အဓိက..ကအဲ့ဒီမိန်းက​လေးရဲ့
ပစ္စည်း​တွေရှိ​နေတယ်​ဆိုတဲ့..ဂို​ဒေါင်​..ပြာကျသွားရင်​
ရပြီ...."

စေတန်ရဲ့သတို့သမီးWhere stories live. Discover now