ဦးဝေစိုးအား ထိုးလို့မဝသေးသော်လည်း ကားပေါ်ရှိပကတိအား စိုးရိမ်မိပြန်သည်
"မင်းဟိန်း!!!!!"
ဓန ခေါ်လိုက်တော့ မဆိုင်းမတွပင် အနားရောက်လာပြီး
"ဟုတ်"
"အဲ့ခွေးကောင်ကို သေချာစောင့်ကြည့်ထား ပြီးမှဆက်ရှင်းမယ်"
"ဟုတ်ကဲ့"
ဓန ခြေလှမ်းကြဲများဖြင့် ဦးဝေစိုးကားထံသွားကာ ကားတံခါးအားဆွဲဖွင့်မိသည်
စိုးရိမ်မှုများစွာဖြင့် ပကတိပါးအားခပ်ဖွဖွတို့ထိရင်း
"ပကတိ!!!! ရှင်းပကတိ"
ဘယ်လိုခေါ်ခေါ်မနိုးလာပေ
ဟိုလူကြီးဘာလုပ်ထားတာလဲမသိ
"တောက်!!!!"
ဓန ပကတိကိုယ်လေးအားပွေ့ချီရင်း ကားပေါ်ရွေ့ပြောင်းမိသည်
ခါးပတ်ပတ်ပေးနေချိန်
"အဟင်းးးး"
ခပ်ဖွဖွ ငြီးသံကြောင့်
'"ပကတိ မင်းသတိရလာပြီလား"
"ဟင့် ပူတယ်"
"ပကတိ!!!!!!"
"အင့်....ကြီးကြီး ပကတိ....နေရခက်တယ်"
ခပ်တိုးတိုးငြီးသံနှင့်အတူ လက်တို့ကလဲ ကိုယ်ထက်မှအင်္ကျီတို့အား ဆွဲကိုင်နေသောကြောင့်
ဓန မူမမှန်သောအခြေအနေအားရိပ်မိသွားရသည်
"လူမဆန်တဲ့ကောင် မင်းကိုအရှင်မထားဘူး"
"ဟင်းးးးးး"
အချိန်ခဏလေးအတွင်းမှာပင် ဆေးအစွမ်းကပြလာပုံပေါ်သည်
ဓန နံဘေးက ပကတိမှာ အင်္ကျီတို့အားဆွဲချွတ်ရန်ပြုနေလေပြီ
"ဟာ....ဟိတ်"
ဓန သူမလက်တွေအားဆုပ်ကိုင်လိုက်မိသည်
"ကျစ်!!!!!"
"ဟင့်....အကိုလေး!!!!"
ဓန ပြုတ်လုဆဲဆဲဖြစ်နေသော သူမကိုယ်ထက်မှ အင်္ကျီကြယ်သီးများအားပြန်တပ်ပေးနေချိန် သူ့အားခေါ်လိုက်သံကြောင့် ပကတိမျက်နှာလေးအားငေးကြည့်မိသည်
နီမြန်းနေသော မျက်နှာလေးက အနေရခက်နေပုံ
"အကိုလေး....ပကတိကြောက်တယ်"
ဓန မျက်နှာထက် အပြုံးတို့ဖြတ်ပြေးသွားရင်း
"ပုံမှန်အချိန်မှာသာ ငါ့ကို​ရှောင်နေတာ ဒုက္ခရောက်နေချိန်တော့ ငါ့ကိုသတိရသေးသား....မင်းကတော့လေ"
ခပ်တိုးတိုးရေရွတ်ရင်း သူမနဖူးအား ခပ်နာနာလေးတောက်မိ၏
ထို့နောက်ဦးတည်မိသည်က သူအမြဲသွားနေနေကြ ကွန်ဒိုသို့ပင်....

💖💖💖💖💖💖💖💖💖💖

"အသဲစားလေ"
နေနိုင်ရှေ့၌ရှိနေသော အလှလေးအားတစိမ့်စိမ့်ကြည့်နေမိသည်
မဒီက နေနိုင်နဲ့မနေ့ကမှစတွဲသောကြောင့် ဂရုစိုက်ယုယမှုတွေဟာ ပိုပိုလျှံလျှံ
SocialမှာCeleဖြစ်သောကြောင့် လှသည်ဆိုတာထက် အလန်းလွန်အလွန်လန်း
နေနိုင် ဒီလိုကောင်မလေးနဲ့တွဲလိုက်ရသည့်အတွက်ကျေနပ်မှုများအပြည့်
ထိုစဉ် သူတို့ဝိုင်းသို့ အစားအသောက်များလာချပေးသော စားပွဲထိုးအား ဘာရယ်မဟုတ်ကြည့်မိလိုက်သည်
စိတ်ထဲရင်းရင်းနှီးနှီးနှင့် တစ်နေရာရာမှာ မြင်ဖူးနေသလိုလို
သိချင်စိတ်တို့က ထိန်းမရစွာ
"ကျွန်တော်တို့တွေ့ဖူးကြလား"
ခေတ်သူ့အားကြောင်တောင်တောင်လုပ်နေသည့် ထိုသူအားအမြင်ပတ်ကတ်ပြန်ကြည့်ပေးမိသည်
ရုပ်ကိုက နှာဘူးရုပ်
" တွေ့ဖူးစရာလား"
ခေတ် ထိုသူအားအမြင်မကြည်စွာ ခပ်မာမာပြောလိုက်မိသည်
"ဟုတ်လား"
နေနိုင်မရေရာခြင်းများစွာနှင့်အတူ ဦးနှောက်အားအလုပ်ပေးမိတော့
ခပ်ဝါးဝါးမှတ်ဥာဏ်များဖြင့် တဖြည်းဖြည်းရုပ်လုံးပေါ်လာသော ကောင်လေးတစ်ယောက်
နေနိုင် မျက်နှာကြီးတင်းခနဲဖြစ်သွားကာ
"မင်းကိုး......"
အပြောနှင့်အတူ ဟင်းပွဲများချပေးနေသော လက်အားဆွဲဖမ်းရင်း
"မင်းကြောင့် ငါ့မျက်နှာယောင်သွားခဲ့ရတာ"
နေနိုင်ပြောလိုက်သော်လည်း ထိုဖြူဖြူသေးသေးအကောင်က ဂရုမစိုက်ဟန်
"Sorry ကျွန်တော်တော့မမှတ်မိဘူး"
"အေးမင်းမမှတ်မိလဲ ငါမှတ်မိတယ် ငါမင်းကိုမကျေနပ်ဘူးဟေ့ရောင်"
ခေတ် သူ့ပုခုံးအားနောက်သို့တွန်းထုတ်ကာပြောလာသောကြောင့် စိတ်တို့ကချဉ်တူးလာစွာ
" မကျေနပ်ရင် လဲသေလိုက်"
"ဘာ!!!!!!"
နေနိုင် ရှေ့ကကောင်ကို ကိုင်ပေါက်ချင်စိတ်ကတဖွားဖွား
ဘဝမှာ ဒီလိုကတ်သီးကတ်သတ်ကောင်ကိုတွေ့ရလိမ့်မည်လို့ကိုမထင်ထားခဲ့ဖူးဘူး
"ကိုကို....လူတွေဝိုင်းကြည့်နေတယ်"
နံဘေးက အသစ်စက်စက်ရည်းစားလေး၏ သတိပေးသံလဲ နားထဲမဝင်
အာရုံအကုန်လုံး ထိုအမြင်ကတ်စရာကောင်ထံ၌
"ငါမကျေနပ်ဘူး မင်းကြောင့် ငါ့မျက်နှာချောချောထိခိုက်သွားတာ"
ခေတ် ထိုသူ့စကားအား ဟာသတစ်ခုနှယ် ဟက်ဟက်ပက်ပက်ရီလိုက်မိသည်
လူကြည့်တော့တစ်ပြားမပြောနဲ့ ပြားတစ်ဝက်တောင် တန်တဲ့ရုပ်မဟုတ်
ဖင်ကြီးဖင်ကျယ်နဲ့ ပြောတာက....
"ဘာလဲ မကျေနပ်တော့ ပြန်ထိုးချင်တာလား ထိုး!!!!!"
ထိုအမြင်ကတ်စရာကောင်က ပါးအားအတင်းထိုးပေးနေသော်လည်း
နေနိုင်မထိုးရက်
ယောက်ျားတန်မဲ့ မျက်နှာကဝင်းမွတ်နေတာမနာလိုစရာအပြည့်
ထိရက်စရာပင်မရှိ
"တော်ပါ....မင်းကြည့်ရတာတုတ်ချောင်းထောင်ထားသလိုပဲ ဘယ်အချိန်ပျော့လဲမလဲတွေးပူနေရတယ် ငါကပဲသဘောထားကြီးပေးလိုက်မယ်'
"အေး ငါ့လက်သီးကတော့မာတယ်"
ခွပ်👊
အသံအဆုံး နေနိုင်ညာဘက်မျက်လုံးအားအုပ်ကိုင်လိုက်ရသည်
လူကလဲ ဒေါသတို့ဖြင့် တရှူးရှူးတရှားရှား
"မင်း!!!!!!"
နေနိုင်စိတ်မထိန်းနိုင်စွာ ထိုကောင်လေးအား ပြန်ထိုးဖို့ပြင်လိုက်တော့ ဆိုင်ထဲကလူတွေက ဝိုင်းဆွဲလာကြသဖြင့် လူတွေတရုန်းရုန်းဖြစ်သွားရသည်
တောက်!!!!!ကောင်းကျိုး​မပေးတဲ့ ငပျော့ကောင်

💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘💘💘ချစ်ခြင်းအတ္တတို့၏ ဆုံမှတ်💘💘Where stories live. Discover now