1. where the story began

Start from the beginning
                                    

မြက်ခင်းလွင်ပြင်ဒေသတစ်နေရာ .....
ဂူတစ်ခုထဲတွင် အချက်ပြမီးကိုကြည့်ရင်း ငိုနေတဲ့ ၁၂ အရွယ်ကောင်လေးတစ်ယောက်။
ထိုကောင်လေး၏ရှေ့တွင် ချစ်လှစွာသော အပါး က လဲလျောင်းနေသည်။ သွေးအန်ပြီး လိပ်ပြာထွက်သွားတဲ့ လူတစ်ဦးဘေးတွင် ဇနီးဖြစ်သူမှာသူငယ်ချင်းအလာကိုစောင့်နေရင်း ကလေးကို ကြည့်နေသည်။
နန်းတို့ရောက်တော့ ဂူထဲနန်းကိုမဝင်ခိုင်းပဲ ပါးကအပြင်ကစောင့်ခိုင်းသည်။ တော်တော်ကြာတော့ ကောင်လေးတစ်ယောက်ကို ပါးကထမ်းလာတာမြင်ရသည်။

"နန်း ..သူ့ကိုခေါ်ပြီး မားဆီပို့ပါ"
ကလေးနှစ်ယောက်ကို မြင်းပေါ်တင်ပေးပြီး နန်း၏အဖေသည် ဂူထဲပြန်ဝင်သွားသည်။

နန်းသည်မိမိထက်၅နှစ်ကျော်ကြီးသော ကောင်လေးကိုကြည့်ပြီး အံ့သြနေသည်။ သတိလစ်နေသောကောင်လေးကဘာမှမသိရှာ ။
အတန်ကြာခရီးဆက်ပြီးနောက် နန်းမားမားစောင့်နေတဲ့ ဂူလေးထဲရောက်လာသည်။
မားမားကဆေးပညာတွင်ထူးချွန်သူမို့ ကောင်လေးကိုကုပေးနေသည်။ နန်းထိုကောင်လေးကို အကြာကြီးစိုက်ကြည့်မိသည်။ ကောင်လေးတန်မဲ့ မျက်နှာကတော်တော်ချစ်စရာကောင်းနေသည်။
နန်းတောင်အဲ့လောက်မလှဘူး။ မျက်ခုံးမွှေးကလည်းမည်းနက်နေတာ။ နှုတ်ခမ်းတွေကရဲနေသည်။

စိုက်ကြည့်ရင်း ကောင်လေးက နိုးလာပြီး နန်းကိုမြင်တော့ အော်သည်။ ငိုလည်းငိုသည်။ နန်းလည်းဘာလုပ်ရမှန်းမသိပဲ ကြည့်နေမိသည်။ ကောင်လေးကစိတ်တိုသွားသည်။ သူ့ဘဝမှာ ငိုတာကိုမိန်းကလေးငယ်တစ်ယောက်ကြည့်နေမှန်းသတိထားမိတော့ စိတ်ကြီးသူပြီပြီ ကလေးမကိုမျက်မှောင်ကြုတ်ကြည့်လိုက်သည်။ လက်ထဲမှ ဓါးရှည်ကိုကျစ်နေအောင်ဆုပ်ကိုင်ထားသည်။

နန်းလန့်သွားတာပဲ။ ဟိုလူကတစ်မျိုးကြီးပဲ။ နန်းဂူအပြင်ကိုပြေးထွက်ကာ မြင်းစီးပြီး အိမ်တော်ပြန်ပြေးတော့သည်။

"သား နိုးပြီလား . ဒေါ်ဒေါ်သမီးကိုစိတ်မရှိပါနဲ့ကွယ် ။ သူကစကားအပြောမတတ်ဘူး။ အူကြောင်ကြောင်အမြဲလုပ်တယ်"
"...."
"သားနာမည်ဘယ်လိုခေါ်လဲ "
"နက်"
"ခဏနေ သားအကို လာခေါ်လိမ့်မယ်။ ဒေါ်ဒေါ်သွားပြီနော်"
ကောင်လေးကဘာမှပြန်မပြော။ဓါးကိုသာစိုက်ကြည့်ရင်း မျက်ရည်ကျနေသည်။
သိမ့်မွေ့ဟန်ရှိသောသက်လတ်ပိုင်းမိန်းမသည် စိတ်မကောင်းဖြစ်ရုံမှကျန်တာမတတ်နိုင်။
မိမိရှေ့တွင် အဖေကသွေးအန်သေပြီး အမေကဓါးထိုးကိုယ့်ကိုကိုအဆုံးစီရင်တာကိုမြင်လိုက်ရတဲ့ဒီကလေးစိတ်ထဲဘယ်လောက်တောင်ခံစားရမလဲသူမလည်းမတွေးတတ်တော့ပါ။
"အဒေါ်ပြန်လေ ။နောက်ဆိုပြန်ဆုံဦးမှာပါ"
"အော် ...အင်း "
နောက်ဆိုပြန်ဆုံမှာဆိုတာဘာမှန်းမသိပေမဲ့ သူမလည်းဆက်မေးဖို့မကောင်းတတ်ဘူးထင်လို့ အိမ်တော်ကိုပြန်လိုက်သည်။

အတွေးများစွာနဲ့ကောင်လေးကတော့ ဂူအပြင်ဘက်ထွက်ရင်း နေရာတစ်ခုစီဦးတည်ကာ ထွက်ခွာသွားသည်။

Reincarnated Love Where stories live. Discover now