part.38(uni&zawgyi)

Start from the beginning
                                    

"အသင်္ချေ...အသင်​....."

ထိတ်​လန့်တကြား..​အော်​ဟစ်​...ဆူညံနေကြ​သော..
လူအုပ်​ကြားထဲကို..​နေ..​ပြေးဝင်​သွားကာ..သူမကို
ရှာ​ဖွေလိုက်​မိ​ပေမဲ့..မ​တွေ့...

"ဘယ်​လိုဖြစ်​တာလဲ..မီးကဘယ်​လို​လောင်​တာလဲ.."

​နေ..အနားမှာရှိ​နေသည့်အမျိုးသမီးကြီးတစ်​ဦးကို
​မေးလိုက်​သည်​။

"၇လွှာကစ​လောင်​တာ...ပစ္စည်းသို​လှောင်​ခန်းက
ထင်​တယ်​...မီးအချက်​​ပေး..အ​ရေး​ပေါ်​ခေါင်း​လောင်း
မြည်​​တော့..အားလုံးဝရုန်းသုန်းကားနဲ့..ဟိုတယ်​ထဲက
​ပြေးလာရတာ..လဲတဲ့လူကလဲ..ဒဏ်​ရာရတဲ့လူက
ရပဲ....အထဲမှာလဲ..ထွက်​မလာနိုင်​တဲ့လူ​တွေရှိ​နေ
​သေးတယ်​...."

​နေ..ထိုအခါမှ..လူအုပ်​ထဲကို​ဝေ့ကြည့်​တော့..လူတစ်​ချို့က
ဒဏ်​ရာဒဏ်​ချက်​​တွေနှင့်ဖြစ်​သည်​။၇လွှာဆို၍လဲ
​နေ..သူမအတွက်​ပိုပြီး..စိတ်​ပူသွားရသည်​။သူမကို
​နေချိန်းထားခဲ့တဲ့.သီးသန့်ခန်းက..၇လွှာမှာ....၊

"boss..."

​ခေါ်သံနှင့်အနားကိုအ​ပြေး​ရောက်​လာတဲ့..ဇ,...

"အသင့်ကိုရှာရမယ်​...သူဘယ်​​ရောက်​​နေလဲမသိဘူး..."

"ဒါ​ပေမဲ့..ဒီအနီးအနားမှာ..မမ​လေးကိုမ​တွေ့ဘူး.."

အနီးအနားမှာတစ်​ကယ်​ပဲ..လူ​တွေက..အရမ်း
ရူပ်​​ထွေး​​နေသည်။​​နေ..သူမဆီဖုန်း​ခေါ်တာလဲမရ

"ကျွန်​​တော်​..ထပ်​ရှာကြည့်လိုက်​ဦးမယ်​..."

ဇ,​နေ့အနားက​နေ..ခပ်​သုတ်​သုတ်​ထွက်​သွားသည်​။
​နေ...​ခေါင်းထဲမှာဖျပ်​ခနဲတစ်​ခုခုကို..သတိရသွားရင်း
ဖုန်းကို..​ခေါ်လိုက်​သည်​။

"ဟဲလို..သုတ..."

"ဟုတ်​ကဲ့..​ပြောပါ..boss..."

"ငါ..ဟို..foot chainရဲ့တည်​​နေရာကိုသိချင်​တယ်​...
၃မိနစ်​အတွင်း..ရှာ​ပေး..."

"ဗျာ..မမ​လေးတစ်​ခုခုဖြစ်​လို့လား..boss..."

"မင်းကို..ရှင်းပြဖို့အချိန်​မရှိဘူး..ငါ..ဖုန်းကိုင်​ထားမယ်​
အခုချက်​ချင်း..ရှာလိုက်​..."

စေတန်ရဲ့သတို့သမီး ( Completed )Where stories live. Discover now