part.38(uni&zawgyi)

Zacznij od początku
                                    

"ဟို..ကျွန်​​တော်​​ပြောတာအဲ့လိုမဟုတ်​ပါဘူး...
ကျွန်​​တော်​က..အခုရည်းစားမရှိ​သေး​ပေမဲ့..လူပျိုကြီး
လုပ်​မှာ​တော့မဟုတ်​ပါဘူး...ကျွန်​​တော်​ချစ်​တဲ့
မိန်းက​လေးကို​တွေ့တာနဲ့..တစ်​ခါထဲချစ်​တယ်​လို့
ဖွင့်​ပြောလိုက်​မှာ...."

ထိုစကားတစ်​ခွန်းက..​နေ့ရင်​ကိုတည့်တည့်ထိမှန်​
သွားသလိုပင်​...​နေ..​နောက်​ကြည့်မှန်​ထဲက​နေ..
ဇ,ကိုလှမ်းကြည့်လိုက်​ရင်း...

"ချစ်​တယ်​ဆိုတဲ့.စကားတစ်​ခွန်းက..အဲ့​လောက်​​တောင်​
အ​ရေးပါလို့လား....."

"ဘယ်​လို..​မေးလိုက်​တာလဲ..bossရဲ့..အ​ရေးပါ
တာ​ပေါ့...ချစ်​တယ်​ဆိုတဲ့..စကား​လေးတစ်​ခွန်းက
လူနှစ်​​ယောက်​ရဲ့..နှလုံးသားနှစ်​ခုကို..​ပေါင်းစည်း
​ပေးနိုင်​တဲ့..ရိုးရှင်းတဲ့​ဝေါဟာရ​လေးတစ်​ခုပဲ​လေ...
မဟုတ်​မှလွဲ​ရော..."

​ပြော​နေရင်း..တစ်​ခုခုကိုသတိရသွားဟန်​နှင့်..​နေ့ကို
အလန့်တကြားလှည့်ကြည့်လာတဲ့ဇ,

"bossအခုထိ..မမ​လေးကို..ရည်းစားစကား..
မ​ပြောရ​သေးတာ​တော့မဟုတ်​ပါဘူး​နော်​...."

​နေ..ဘာမှပြန်​မ​ဖြေပဲမျက်​လွှာပင့်ကြည့်လိုက်​လျှင်​.
သ​ဘော​ပေါက်​လွယ်​သူ..ဇ,က

"ဟား.."

ခနဲ​အော်​ကာ..ကားကိုလမ်း​ဘေးချ၍ရပ်​လိုက်​ပြန်​သည်​။

"ဘာဖြစ်​ပြန်​တာလဲ..."

​နေ​မေးလိုက်​​​တော့..ဇ,ကအားမလိုအားမရဟန်​နှင့်
​နေ့ကိုလှည့်ကြည့်ရင်း...

"ဒီ​လောက်​ပဲအချိန်​​တွေကြာ​နေပြီ.bossအခုထိ..
မမ​လေးကိုရည်းစားစကားမ​ပြောရ​သေးဘူးလား
ကျွန်​​တော်​က..bossနဲ့မမ​လေး..အ​တော်​အတန်​
ခရီး​ရောက်​​နေပြီလို့​တောင်​ထင်​ထားတာ..boss
ကျန်​တာအားလုံး​တော်​​နေပြီး..ဘာလို့ဒီလိုကိစ္စမျိုး
ကျမှ...နူတ်​​နှေး​နေရတာလဲ..."

"ဘာ..."

​နေ့ရဲ့​ဒေါသသံ​ကြောင့်ဇ,လန့်သွားကာ...

"​တောင်းပန်​ပါတယ်​..boss...ကျွန်​​တော်​..bossကို
ဆရာလုပ်​မိသလိုဖြစ်​သွားတယ်​..."

စေတန်ရဲ့သတို့သမီးOpowieści tętniące życiem. Odkryj je teraz