"ကောကောကို အစက စိတ်ဆိုးပေမဲ့
နောက်တော့ ကလေး နားလည်လာတယ်
ကိုကို့ကို သတိမရသေးတဲ့ အချိန်ပေမဲ့ ချစ်တဲ့သူနဲ့ဆို တူတူရှိနေချင်ကြတယ်ဆိုတာကို အလိုလိုနားလည်လာသလိုပဲ
အဲ့ဒါကြောင့် ကောကော လက်ထပ်ဖို့ကို ကြည်ဖြူခဲ့တာ"
"လိမ္မာလိုက်တဲ့ ကလေးလေး"
"ကိုကို ကျွန်တော်တို့လည်း လက်ထပ်ကြစို့နော်"
"ကိုကို့ဘက်က ခွင့်တောင်းရမဲ့ ကိစ္စပါ ကလေးလေးရယ်
ကိုကို အစ်ကိုရိဖန်ဆီမှာ ကလေးကို သေချာတောင်းယူပါ့မယ်"
💓
ဆောင်းဦး၏ သာယာလှပသော နေ့ရက်တစ်ရက်။
နေရောင်ခြည်က နွေးသည်ဆိုရုံလေး ကမ္ဘာမြေပေါ် လွှမ်းခြုံလို့နေသည်။
ချန်းယောလ်တို့ စိုက်ပျိုးခြံလေးအတွင်း ခြံဝန်ထမ်းများ ပျားပန်းခတ် သွားလာလှုပ်ရှားနေကြသည်။ အဖြူဖွေးဖွေး ခုံလေးတွေရယ်၊ ရောင်စုံပန်းကလေးတွေရယ်၊ လှပသော စပျစ်နွယ်များဖြင့် အလှဆင်ထားသည့် ခြံအဝင်ဝလေးရယ်။ အရာရာဟာ သဘာဝတရားနှင့် မသွေဖီဘဲ အေးချမ်းလို့နေသည်။
"ကောကော...
ကျွန်တော် လှလားဟင်"
နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို ရိဖန်က သပ်ရပ်အောင် ပြန်ပြင်ပေးရင်း ပြုံးလိုက်သည်။
"ကောကော ကလေးလေးက အချောဆုံးလေးပါဗျာ
ပေးရမှာတောင် နှမြောတယ်"
"ဟင့်အင်း မနှမြောပါနဲ့နော်
ကိုကိုက ကလေးလေးကို တအားချစ်တာပါ"
"အဟား ဟုတ်ပါပြီဗျာ"
"ကဲ ဒီဘက်ကို ကြည့်ပါ ဓာတ်ပုံတစ်ပုံလောက်"
လုဟန် ကင်မရာထဲမှာ ပါသွားသည့် ဓာတ်ပုံလေးထဲတွင် ညီအစ်ကိုနှစ်ယောက်လုံး ပြုံးရယ်နေခဲ့သည်။
ကိုကိုနဲ့ ကလေးလေးရဲ့ မင်္ဂလာပွဲလေးကို သူတို့ တစ်မြို့လုံးနီးပါး လာရောက်ကြသည်။
ဦးလေးဂျွန်ရော၊ ဦးလေးဂိုရော၊ ဂိုယူဂျောင်းပါ လာသေးသည်။ ကလေးလေးက ဂိုယူဂျောင်းရှေ့မှာ ကိုကို့နားပိုတိုးကာ ကိုကို့လက်မောင်းကို ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လို့ထားသည်။ ကိုကိုက ကလေးလေးအပိုင်။
KAMU SEDANG MEMBACA
Red String of FATE
Fiksi PenggemarRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 25 [ Final ]
Mulai dari awal
