Part 25 [ Final ]

Start from the beginning
                                        

"မဟုတ်ပါဘူး ကိုကိုကလည်း ကလေးပြောတာနားထောင်ဦး
အရင်ဆုံး လက်ထပ်ဖို့ပြောတဲ့သူက အိမ်ထောင်ဦးစီးတဲ့"

"အဲ့ဒီတော့...."

"အဲ့တော့ ကလေးလေးက အိမ်ထောင်ဦးစီးဖြစ်ပြီး ကိုကိုက ကလေးလေးပြောတာအကုန်နားထောင်ရမှာတဲ့"

မင်ချောပြောသမျှ အပိုင်မှတ်ပြီး ပြောနေတဲ့ ကောင်လေးကို ချစ်လွန်းလို့ ပါးလေးကို မွခနဲနေအောင် နမ်းလိုက်သည်။

"ကိုကိုက အခုလည်း ကလေးပြောတာ အကုန်နားထောင်ပေးနေတာပဲလေ"

"ကလေးလေးက ကလေးလိုချင်တာ
ကိုကိုက မမွေးပေးချင်ဘူးမဟုတ်လား"

ဪ လာပြန်ပြီ ဒီကလေးကိစ္စပဲ။
ဒီကောင်လေးက သူလိုချင်တာ တစ်ခုရှိရင် မရ ရအောင်ကို လှည့်ပတ်တောင်းနေတတ်တော့တာပဲ။

"အိမ်ထောင်ဦးစီးက ဘာတွေလုပ်ရလဲ ကလေးက သိလို့လား"

"ဟင့်အင်း"

"ကလေးလေးအတွက်ရော ကိုကို့အတွက်ရော
ကိုကိုတို့ရဲ့ ဘေဘီလေးအတွက်ရော မုန့်စားဖို့ ပိုက်ဆံတွေရှာရမှာ"

"အများကြီးပေါ့နော်"

"အင်း အများကြီး"

"ဒါနဲ့မလောက်ဘူးပေါ့"

ချန်းယောလ်လက်ထဲရောက်နေပြီးသား စက္ကူအိတ်လေးကို တစ်ဖန်ပြန်ယူပြီး အထဲက ငွေစက္ကူတွေကို ထုတ်ရေ နေသည်။

"ဒါက ကလေးလေး မုန့်ဝယ်စားရင် တစ်လလောက်နဲ့ အကုန်ပြောင်မှာ"

"ဒါဆို ပြန်သိမ်းထားလိုက်တော့မယ်
ကိုကိုပဲ အိမ်ထောင်ဦးစီးလုပ်တော့
အား ဗိုက်ဆာလိုက်တာ ထမင်းစားကြမယ် ကိုကို"

ကပ်စေးနဲလေးက ချက်ချင်းပဲ သူ့ပိုက်ဆံကို သေတ္တာထဲပြန်ထည့်ပြီး မီးဖိုခန်းထဲ ဝင်သွားတော့သည်။ တကယ့်ကို အလည်လေးပါပဲ။

💓

"ကလေးလေး"

"အွန်း"

"ကလေးလေးက အစ်ကိုရိဖန်ကို အခု စိတ်ဆိုးနေသေးလား"

"ဟင့်အင်း"

ချန်းယောလ်က ကုတင်ခေါင်းရင်းက ပြတင်းပေါက်ကို မီလျက် ထိုင်နေပြီး ကလေးကတော့ ချန်းယောလ်ရင်ခွင်ထဲမှာ အသားတကျ ဝင်လို့နေသည်။

Red String of FATEWhere stories live. Discover now