Part 25 [ Final ]

Start from the beginning
                                        

"အစ်ကို မင်ချောက အရမ်းတော်တာပဲ
ရော့ ချိုချဉ်ယူ ဒါကလေ ရှန်ဟိုင်းမှာနာမည်ကြီးချိုချဉ်ပဲ
တော်လို့ပေးတာနော်"

ကလေးလေးက မင်ချောရဲ့ စားပွဲပေါ် ရောင်စုံချိုချဉ်ထုပ်လေး တင်ပေးခဲ့ပြီး အစ်ကိုချန်းယောလ်ရဲ့ အလုပ်ခန်းဘက်ကို ပြန်ပြေးထွက်သွားသည်။ မင်ချောက ကြည့်ပြီး ရယ်နေရုံကလွဲလို့ ဘာမှမတတ်နိုင်။ အစ်ကိုချန်းယောလ်အတွက် စိတ်တော့မကောင်းပေမဲ့ ဒီလိုမှ မပြောလိုက်ရင် သူတစ်နေကုန် အလုပ်လုပ်ရတော့မှာ မဟုတ်။ အစ်ကိုချန်းယောလ်တော့ ကလေးလေးရစ်တာ ဂျစ်တာ ခံရဦးမည်ထင်သည်။

💓

ကလေးလေး သေတ္တာထဲက ပိုက်ဆံတွေကို အဖြူရောင် စာအိတ်လေးထဲထည့်ပြီး စာအိတ်ကို သေချာပြန်ပိတ်လိုက်သည်။

"ဒီလောက်နဲ့ ကိုကို့ကို တင်တောင်းဖို့ လုံလောက်ပါ့မလား"

တစ်ယောက်တည်း ပွစိပွစိလုပ်နေတဲ့ ကလေးလေးအကြောင်းကို ကိုကိုက သတိမထားမိဘဲ ညနေစာချက်လို့နေသည်။

"ကိုကိုရေ...
ကလေးလေး ကိုကို့ကို ပြောစရာရှိတယ်"

"ခဏလေးနော် ကိုကို ဟင်းအိုး ချ လိုက်ဦးမယ်"

ကိုကိုက မီးဖိုခန်းထဲမှာ အကုန်ရှင်းလင်းပြီးမှ အပြင်ကို ထွက်လာပြီး ကလေးလေး အနားမှာ လာထိုင်သည်။

"ပြောလေ ကလေးလေး ဘာပြောမှာလဲ"

"အင့် ယူ"

ကလေးလေး လက်ထဲက စက္ကူအိတ်ကို ကိုကိုက ကြောင်ကြည့်နေပြီးမှ လှမ်းယူလိုက်သည်။

"ဘာတွေလဲ ကလေးရဲ့"

"ကိုကို....
ကလေးလေးတို့ လက်ထပ်ရအောင်နော်
ကလေးလေးက ကိုကို့ကို တင်တောင်းတာ"

ချန်းယောလ်က ကလေးရဲ့ အပြုအမူကို အသည်းယားပြီး ကလေးရဲ့ ကိုယ်လုံးတုတ်တုတ်လေးကို ပေါင်ပေါ်ချီတင်လိုက်သည်။

"ဒါတွေက ဘယ်သူသင်ပေးလိုက်ပြန်တာလဲ"

"မင်ချောကလေ ပြောတယ်..."

"မင်ချောကိုတော့ အလုပ်ဖြုတ်ပစ်မှထင်တယ် နော်
ကလေးကို မဟုတ်တာတွေ သိပ်သင်တာပဲ"

Red String of FATEWhere stories live. Discover now