"မင်ချော...ဒီနေ့အလုပ်လာတာနောက်ကျတယ်"
မင်ချောက ဆိုင်ကယ်ကို ရပ်လိုက်ပြီး ဦးထုပ်ကို ချွတ်လိုက်သည်။
"ဟုတ်တယ် ကလေးလေးရေ
အိမ်မှာလေ သမီးအငယ်လေးက နေမကောင်းတော့ ဆေးခန်းပြဖို့ လိုက်ပို့ရသေးတာ"
မင်ချော အလုပ်လုပ်သည့်အဆောင်ဘက်ဝင်သွားတော့ ကလေးလေးကလည်း နောက်က တကောက်ကောက်လိုက်သွားသည်။
"မင်ချော ကလေးလေးရဲ့ အမေရှိသားပဲကို"
"အင်း ရှိတာတော့ရှိတယ်လေ
ဒါပေမဲ့ အစ်ကိုမင်ချောက အိမ်ထောင်ဦးစီးမဟုတ်လား
အမျိုးသမီးရဲ့ တာဝန်တွေကိုလည်း ခွဲယူပေးရဦးမှာပေါ့"
မင်ချောက သူတစ်နေ့တာ လုပ်ရမည့် အလုပ်စာရင်းများကို ထုတ်ရင်း ကလေးလေးမေးတာကို စိတ်ရှည်လက်ရှည် ပြန်ဖြေနေသည်။
ကလေးလေးကတော့ မင်ချောဆီက ကြားရသမျှ အထူးအဆန်းလို စိတ်ဝင်တစားနှင့်။
"အိမ်ထောင်ဦးစီးဆိုတာ ဘာလဲဟင် မင်ချော"
"အင်း ဘယ်လိုပြောရမလဲ
အိမ်ထောင်ပြုဖို့ အရင်ခွင့်တောင်းတဲ့သူလို့မှတ်ထားနော်"
"အရင်ခွင့်တောင်းတော့ ဘာဖြစ်လဲ"
မင်ချောက စကားများနေတဲ့ ကလေးလေးကို ကြည့်ပြီး ခေါင်းကုတ်နေသည်။ ဒီကလေးလေးက နှစ်တွေသာကြာသွားတယ်။ အမေးအမြန်းထူတာနဲ့ စကားများတာတော့ အတူတူပဲ။
"အရင်ခွင့်တောင်းတော့...အင်း...
မင်ချောပြောတာကို အမျိုးသမီးက သေချာနားထောင်တာပေါ့"
"ဟုတ်လား
ဒါဆို ကျွန်တော့်စကားကို ကိုကိုနားထောင်အောင် ကိုကို့ကို ကျွန်တော်က အိမ်ထောင်ပြုဖို့ အရင်ပြောရမှာလား မင်ချော"
"......"
"ဟင်လို့ မင်ချော"
အလုပ်ပဲ စိတ်ဝင်စားနေတဲ့ မင်ချောကို လက်မောင်းကနေ ဆွဲလှုပ်ရင်း ကလေးလေးက မေးသည်။ မင်ချောကလည်း နားအေးရင် ပြီးရော ပုံစံနဲ့ ခေါင်းငြိမ့်လိုက်တော့သည်။
"အင်း ဟုတ်တယ်
ကလေးလေးက အရင် လက်ထပ်ခွင့်တောင်းလိုက်
ဒါဆို အစ်ကိုချန်းယောလ်က ကလေးလေးပြောသမျှကို နားထောင်ပေးလိမ့်မယ်"
YOU ARE READING
Red String of FATE
FanfictionRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 25 [ Final ]
Start from the beginning
