"ကော...ညနေကျရင် ဝက်လက်ပေါင်းလေး စားချင်လိုက်တာ"
"ရိဖန်ကို မှာပေးမယ်နော်"
ကောက သူ့ဆံပင်လေးကို ပွတ်သပ်ကာ အစားသောင်းကျန်းထားလို့ ပြည့်အင့်နေတဲ့ ပါးလေးကို လိမ်ဆွဲရင်းပြောသည်။
💓
"ဂျောင်ဆူး ဒီကိုကြည့်"
စာကြည့်စားပွဲမှာ ထိုင်နေတုန်း လျှပ်တပြက် ဓာတ်ပုံလာရိုက်သည့် ကောကော။
"ဂျောင်ဆူး ပါးလေးတွေက ဖောင်းနေရောပဲ"
ကင်မရာထဲက သူ့ပုံကို ပြန်ကြည့်ရင်း ကောကောက ပြောသည်။ ဂျောင်ဆူးလည်း ပုံကိုယူကြည့်ရင်း သတိထားမိတာက သူ့နောက်ဘက် နံရံကပ်စင်ပေါ်မှာရှိနေသည့် အပြာရောင် ဗူးလေး။
"ကောကော ဒါကဘာလဲ"
ထို သေတ္တာလေးကို သူသွားယူလာပြီး စားပွဲပေါ်တင်လိုက်သည်။
"ဒါက ဂျောင်ဆူး နေမကောင်းတုန်းက တစ်နေရာကို ရောက်နေခဲ့တယ်လေ
အဲ့ဒီမှာ ဂျောင်ဆူး စုထားတဲ့ ပစ္စည်းလေးတွေ"
သူ သေတ္တာလေးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့ ခြောက်သွေ့နေတဲ့ flower crown လေးရယ် ခရုခွံအချို့ရယ်
ပြီးတော့ ငွေစက္ကူ အထပ်ရယ်။
"ကောကော ပိုက်ဆံတွေ"
"ဂျောင်ဆူး စုထားတာ ထင်တယ် အများကြီးပဲ"
"ကျွန်တော့်ကို အဲ့ဒီတုန်းကအကြောင်း ပြောပြမလား"
"အင်း ကောကောသိသလောက်ပြောပြမယ်"
💓
ကိုကိုနဲ့ကလေးလေးတို့ရဲ့ ပုံမှန်နေ့ရက်လေးအတိုင်း...
ကိုကိုက အလုပ်လုပ်နေပြီး ကလေးလေးကတော့ ကိုကို့ဘေးမှာ လိုက်ရှုပ်နေသည်။
အသီးခြောက်ထုတ်တဲ့အလုပ်ကိုလည်း ကလေးလေးကို ပေးမလုပ်တော့ဘူးဆိုတော့ ကလေးလေးမှာ စားလိုက် အိပ်လိုက် ခြံထဲမှာ ပတ်ရှုပ်လိုက် ယုန်ကလေးတွေနဲ့ ကစားလိုက်သာ အချိန်ကုန်နေရသည်။ ကိုကို့ရဲ့ အလုပ်ခန်းပြတင်းပေါက်ကနေ မင်ချောကို လှမ်းမြင်တာနဲ့ ကလေးလေးက အဖော်တွေ့သလို အပြင်ကို ပြေးထွက်သွားသည်။
KAMU SEDANG MEMBACA
Red String of FATE
Fiksi PenggemarRed String လေးနဲ့ ဆက်သွယ်ထားတဲ့ လူနှစ်ယောက်က ဘယ်လောက်ပဲဝေးဝေး တစ်ဦးနဲ့တစ်ဦး နီးဖို့ အကြောင်း ဖန်လာတာပဲတဲ့ ❣️ Park Chanyeol X Doh Kyungsoo Zawgyi+Unicode
Part 25 [ Final ]
Mulai dari awal
