part.37(uni&zawgyi)

Start from the beginning
                                    

"ဂျ​လောက်...ကျွီ...."

တံခါးပွင့်သွား​တော့..အခန်းဝမှာရပ်​​နေသူက..
သူမ....

"အခန်းထဲဝင်​မလာပဲ..ဘာရပ်​လုပ်​​နေတာလဲ..."

"ရှင်​အလုပ်​ရူပ်​​နေတယ်​..ထင်​လ်ို​ပါ.."

"ဝင်​​လေ..အထဲကို.."

သူအခန်းထဲပြန်​ဝင်​လာ​တော့..အသင်​ပါလိုက်​ဝင်​
လာခဲ့သည်​။

"ကိုယ့်ကို​ပြောစရာရှိလို့လား..."

"ရှင်​မအိပ်​​သေးဘူးလား..."

မဆီမဆိုင်​စကားနှစ်​ခွန်းကနှစ်​​ယောက်​လုံးနူတ်​က
ပြိုင်​တူထွက်​လာခဲ့​တော့..သူကအသင့်ကိုကြည့်ပြီး
ရယ်​ကာ...

"မင်း..ကိုယ့်ကို​ပြောစရာရှိလို့​ရောက်​လာတာ..
မဟုတ်​လား...ဘာလဲ..အ​ဖြေကို..ဒီ​လောက်​...
မြန်​မြန်​​ပေး​တော့မလို့​တော့မဟုတ်​ပါဘူး​နော်​"

"ဟုတ်​တယ်​..."

​နေ..စသလို​ပြောလိုက်​​ပေမဲ့..မျက်​နှာတည်​​လေးနှင့်
သူမက​ခေါင်းငြိမ့်လိုက်​​တော့..​နေအံ့ဩသွားခဲ့
ရသည်​။

အသင်​..အသက်​ကိုဝ​အောင်​ရူလိုက်​ရင်း..လက်​သီး
နှစ်​ဖက်​ကိုဆုပ်​ကာ..သူ့​ရှေ့​ခြေစုံရပ်​လိုက်​ပြီး..
သူ့မျက်​နှာကို​မော့ကြည့်လိုက်​သည်။

"ရှင်​.​သေချာနား​ထောင်​ပါ​နေ...အသင်​..ရှင့်မှာ
ပုံစံဘယ်​နှစ်​မျိုးရှိရှိ..ဂရုမစိုက်​ဘူး..ရှင့်ရဲ့အတိတ်​က
ဘယ်​လိုအ​ကြောင်းအရာမျိုးကိုမှလဲ..ဂရုမစိုက်​ဘူး
ဘယ်​အချိန်​ပဲဖစ်​ဖြစ်​...ရှင်​သာ..အသင့်ဆီလက်​ကမ်း
ခဲ့မယ်​ဆိုရင်​..အသင်​အချိန်​မ​ရွေးရှင့်လက်​ကို..
ဖမ်းဆုပ်​ထားမှာပါ..."

"ချာတိတ်​...မင်း..."

​နေ..သူမစကား​တွေ​ကြောင့်..မှင်​သက်​သွားရစဉ်​
​နေ့ရဲ့လက်​ကို..သူမကဆွဲယူကာ..လက်​ချင်းယှက်​၍
ဆုပ်​ကိုင်​လိုက်​သည်​။

"အသင်​..ဘယ်​လိုကိစ္စ​တွေနဲ့ပဲကြုံလာရပါ​စေ..
ရှင့်အနားမှာပဲရှိ​နေချင်​တယ်​..."

​​ပြောရင်း..သူမက..​ခြေဖျား​လေး​ထောက်​ကာ..
​နေ့ရဲ့​မေးဖျားကိုနူတ်​ခမ်း​နွေး​နွေး​လေး​တွေနှင့်..
ဖွဖွနမ်းလိုက်​ပြီး.....၊

စေတန်ရဲ့သတို့သမီးWhere stories live. Discover now