"ကလေးလေး"

ကလေးရဲ့ခေါင်းလေးကို သူ့လက်မောင်းပေါ် ဆွဲတင်ပြီး သူတိုးတိုးလေးခေါ်တော့မှ ကလေးက သူ့ကို မော့ကြည့်သည်။ အိမ်မီးတွေပိတ်ထားသောကြောင့် ခေါင်းရင်းပြတင်းပေါက်မှ လရောင်အောက်တွင် ကလေးမျက်လုံးလေးတွေက တောက်ပနေသည်။

"ဘာစိတ်ညစ်စရာရှိနေတာလဲဟင်
ကိုကို့ကိုပြောလေ"

"ဟိုဟာ ကိုကို
ကလေးပြောရင် ကိုကိုက စိတ်မဆိုးရဘူးနော်"

သူ့ခန္ဓာကိုယ်ကို ဘေးဘက် သေချာစောင်းပြီး ကလေးနဲ့ မျက်နှာချင်းဆိုင်လိုက်တော့ ကလေးကလည်း သူ့နည်းတူ ပုံစံလိုက်ပြောင်းပြီး အိပ်သည်။ သူတို့နှစ်ယောက်လုံး တစ်ယောက်မျက်ဆံထဲ တစ်ယောက်ပုံရိပ်မြင်ရသည်အထိ နီးကပ်နေကြပြီး တစ်ဦးနဲ့ တစ်ဦး အချိန်အတော်ကြာကြည့်လို့နေမိသည်။

"ကလေးက ဘာပြောဖို့လဲ"

"ဟို..ကလေးက
ကလေးလေး လိုချင်တာလေ အဲ့ဒါ..."

"ဪ အင်း အဲ့ဒါလား
ကလေးက ငယ်သေးတယ်လေ ပြီးတော့ အဲ့ဒီလို အမျိုးသားကိုယ်ဝန်လွယ်တာကလည်း
အသက်အန္တရာယ်ထိရှိတော့ ကိုကိုက စိတ်မချဘူး"

"အင်း အဲ့ဒါကြောင့်လေ
ကိုကိုကပဲ မွေးပေးလို့မရဘူးလား"

"ဟမ်"

"ကလေးလေးက ကိုကိုနဲ့ ကလေးလေးမှာလည်း ကလေးသေးသေးလေးရှိရင်ကောင်းမယ်လို့ တွေးမိလို့ပါ"

ကလေးလေးရဲ့ စကားကြောင့် ချန်းယောလ် ခေါင်းမီးတောက်သလိုကို ပူလောင်သွားရသည်။ ကလေးလား။ သူလည်း သဘောတော့ကျပါတယ်။ ဒါပေမဲ့ သူမွေးဖို့က ကျတော့ နည်းနည်း တစ်မျိုးဖြစ်နေသလားလို့။

"အခုလေ ကိုကိုက ကလေးလေးကိုတောင် ချစ်လို့ မဝသေးဘူး
နောက်ထပ် ကလေးထပ်ယူလိုက်ရင် ကိုကိုက ကလေးအသစ်ကိုလည်း ခွဲပြီး ချစ်ရဦးမှာ
ဒါဆို ကိုကို့ရဲ့ ဒီဝက်ကလေးကို အများကြီးမချစ်နိုင်တော့မှာ စိုးတယ်"

"ဟင် အဲ့လိုလား
ကိုကိုက ကလေးအသစ်ကိုလည်း အချစ်တွေခွဲပေးရဦးမှာပေါ့နော်"

"အင်း အဲ့ဒါကြောင့် အခုတော့ ကလေးအသစ် မမွေးကြနဲ့ဦးစို့ကွာနော်"

Red String of FATEWhere stories live. Discover now