"ဖုန်းလိုင်းမှ မကောင်းတာ ကောရဲ့"

ကလေးလေးက ချက်ချင်းပဲ သူ့အစ်ကိုနားကို ကပ်ကာ နှုတ်ခမ်းလေးထော်ရင်းပြောနေသည်။ ချန်းယောလ်က အိမ်တံခါးဖွင့်လိုက်ရင်း အိမ်ထဲဝင်ဖို့ခေါ်ရသည်။

"အိမ်ထဲဝင်ထိုင်ပါဦး"

"ကော....ဒီည ပြန်မလိုက်ဘူးနော်
ကိုကိုနဲ့ပဲနေမှာ"

"မခေါ်ပါဘူးဗျာ
ကောက ချန်းယောလ်နဲ့ စကားပြောဖို့လာခဲ့တာပါ
ပြီးရင် ပြန်မှာ"

"ညစာဖြစ်ဖြစ် စားသွားပါဦးလား"

"နေပါစေ ကိုယ်က မြို့အထိ ပြန်ရမှာဆိုတော့ အချိန်အရမ်းမရလို့"

ကလေးရဲ့ အစ်ကိုက ကလေးကို လိုက်ပို့ပြီး သူကိုယ်တိုင်ကတော့ မြို့မှာပဲ တည်းသည်။
ချန်းယောလ်တို့မြို့ကလည်း အလည်အပတ်လာသူမရှိသောကြောင့် အိမ်မှာနေဖို့ကလွဲပြီး တည်းခိုစရာနေရာမရှိ။ ကလေးကို ခြေလက်ဆေးဖို့ ပြောလိုက်ပြီး ချန်းယောလ်နဲ့ ကလေး အစ်ကိုနဲ့ စကားပြောဖြစ်ကြသည်။

အဓိက အကြောင်းအရာကတော့ ကလေးကို ချန်းယောလ်ဆီမှာ စိတ်ချလက်ချ ထားခဲ့လိုကြောင်းဖြစ်ပြီး ချန်းယောလ်ကလည်း ကလေးကို စိတ်ချမ်းသာအောင် တစ်ဘဝလုံးထားဖို့ ကတိအထပ်ထပ်ပေးခဲ့ပါသည်။

💓

"ကလေးလေးရေ အိပ်မယ်လေ"

ဝူရိဖန်ပြန်သွားပြီးကတည်းက အိမ်ရှေ့မှာ ထွက်ထိုင်ပြီး တစ်ခုခုစဉ်းစားနေပုံရတဲ့ကလေးလေးကို ချန်းယောလ်လည်း မနှောက်ယှက်ဘဲ ထားလိုက်သည်။ သူ့မှာလည်းတွေးစရာတွေရှိမှာပေါ့။ အချိန်ကြာလာပြီး ညနက်လာမှ သူလှမ်းခေါ်လိုက်သည်။

အိမ်ထဲပြန်ဝင်လာတဲ့ ကောင်လေးက အတွေးထဲမှာ ဆက်လက်မြောနေပုံရပြီး စိတ်မပါလက်မပါနှင့်။ သူ့အစ်ကိုနဲ့ စကားပြောတုန်း အဆင်မပြေတာတွေများရှိခဲ့လေသလားမသိ။

ကလေး မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ အဆင်သင့် အိပ်လို့ရအောင် မညီတဲ့ ကုတင်နှစ်လုံးကို နိမ့်နေတဲ့ဘက်တွင် မွေ့ယာပိုခင်ကာ ညီအောင် သေချာ ညှိထားလိုက်သည်။
ကုတင်ပေါ်တက်လာတဲ့အထိ ကလေးက သူ့ကို သေချာမကြည့်သေးသလို စကားလည်း မပြောသေး။

Red String of FATEWhere stories live. Discover now