💓

ညနေ အိမ်ပြန်ချိန်ရောက်တော့ ကလေးလေးသဘောကျ မင်ချောတို့အိမ်ကို လိုက်လည်ကြသည်။ ခြံရှေ့ကားရပ်ပြီးတာနဲ့ ကလေးက မင်ချောတို့ခြံထဲကို ပြေးဝင်သွားပြီး ကြက်ပေါက်ကလေးတွေဆီသွားသည်။ သူ့လက်ပေါ်မှာ ကြက်ပေါက်စဝါဝါလေးတွေကို တစ်ပြုံတမကြီး တင်ထားပြီး သဘောကျလို့နေသည်။

"အစ်ကို မင်ချော
ကျွန်တော် ဆေးခြယ်လိုက်မိတဲ့ ကြက်လေးရော"

"သူက ကြီးလာတော့ အမွှေးထပ်ထွက်လာတယ်လေ"

"တော်သေးတာပေါ့ ဟီးဟီး
အစ်ကိုမင်ချော ကလေးလေးရော"

"သားအကြီးက သူ့အဘွားအိမ်ခဏသွားနေတယ်
သမီးအငယ်လေးရှိတယ်လေ"

မင်ချောအမျိုးသမီး ချီလာသည့် ကလေးငယ်လေးကို ကြည့်ပြီး ဂျောင်ဆူးက မျက်လုံးလေးများ အရောင်တလက်လက်။ ကလေးလေးက ချစ်စရာကောင်းလိုက်တာ။တုတ်တုတ်လုံးလုံးလေးနဲ့ အသားအရေလေးတွေက အနီရောင်သန်းပြီး အိအိစက်စက်လေး။

မင်ချောအမျိုးသမီးက ကလေးလေးပေါင်ပေါ် သူ့သမီးလေးတင်ပေးတော့လည်း သမီးလေးက ငြိမ်ပြီး ကလေးလေးရဲ့လက်ကို ဆုပ်ကိုင်ထားသည်။

"ကိုကို ချစ်စရာလေးနော်
ကိုကို ကလေးလေးလေ ဒီလို ကလေးလေးမွေးချင်လို့"

"ဟမ်..အင်း အဲ့ဒါက ကလေးလေးက ကလေးပဲရှိသေးတာလေ
ကလေးက ကလေးထပ်မွေးလို့ဘယ်ဖြစ်ပါ့မလဲ"

ချန်းယောလ်ပြောတဲ့စကားကို မျက်လုံးလေးထောင့်ကပ်ကာ စဉ်းစားနေပြီးမှ ခေါင်းကို ခပ်ဖြေးဖြေးငြိမ့်သည်။

"အင်း ဒါလည်း ဟုတ်တာပဲ"

မင်ချောတို့ အိမ်မှာ သူပျော်သလောက် ဆော့နေပြီးမှ ချန်းယောလ်တို့နှစ်ယောက်နေသည့် အိမ်လေးသို့ ပြန်ခဲ့သည်။ အိမ်ပေါ်ကိုတက်လိုက်တာနှင့် ကလေးရဲ့ အစ်ကိုက စောင့်နေတာမို့ ချန်းယောလ်မှာ အားနာသွားရသည်။ စောင့်နေတာကြာပြီလားမသိ။

"အစ်ကိုရောက်နေတာလား
အားနာလိုက်တာ ကျွန်တော်တို့ အိမ်လည်သွားနေတာနဲ့"

"ရပါတယ် ကိုယ်ဖုန်းမဆက်ဘဲ လာလိုက်မိတာ
ကလေး...ပျော်နေတာလား ကောကောကိုတောင် ဖုန်းမဆက်ဘူး"

Red String of FATEDonde viven las historias. Descúbrelo ahora