"အိမ်မှာ ကလေးအသစ်လေးရော ကြက်အသစ်လေးတွေရော ရောက်နေတယ်
လိုက်လည်ဦးမလား"

"တကယ်လား လိုက်မယ်လေ
ကိုကိုရေ..."

"အင်းပါ ညနေ လိုက်သွားကြမယ်"

နေ့ခင်းထမင်းစားပြီးတော့ ကလေးလေးကိုခေါ်ကာ ဝိုင်ခြံဘက် ကူးခဲ့သည်။ အသစ်ထိုင်ထားတဲ့စက်တွေက တစ်ကြိမ်သာ အစမ်းသုံးထားရသေးတာဖြစ်သည်။ ဝိုင်စက်ရုံကို သေချာ သန့်ရှင်းရေးလုပ်ပြီးမှ ပုံမှန်ပြန်အသုံးပြုရမည်။

"ကိုကို ကလေးလေး စက်ရုံထဲဝင်ကြည့်လို့ရလား"

"အင်း ရတယ်လေ
စက်တွေ ပြန်မသုံးခင်ဝင်လို့ရတယ်"

ကလေးလေးရဲ့ လက်ကိုဆွဲပြီး ဝိုင်စက်ရုံလေးထဲဝင်လာခဲ့သည်။ အသစ်စက်စက် ဆင်ထားသော စက်များက တောက်ပနေပြီး သန့်ရှင်းရေးလုပ်ထားသောကြောင့် ကြမ်းပြင်နှင့်နံရံများကလည်း သန့်ရှင်းလို့နေသည်။

"ကိုကိုကလေ ကလေးလေးကိုလွမ်းနေရလို့
ဝိုင်မထုတ်ဖြစ်တာ နှစ်နှစ်လောက်ကြာသွားပြီ
အခုမှ ပြန်ထုတ်ရမှာ"

"ကလေးလေးကို လွမ်းတယ်ဆိုပြီး အပျင်းကြီးနေတာလား"

"လွမ်းတာပါဆို အပျင်းကြီးတာဘယ်ဟုတ်ပါ့မလဲ"

"ဒါဆို ဘာလို့အလုပ်မလုပ်တာလဲ"

"ကလေးလေးကို လွမ်းနေတာက အလုပ်ပဲလေ"

"ကိုကိုက တအားကြီးချစ်ဖို့ကောင်းနေတော့ အာဘွားပေးမယ်"

နှုတ်ခမ်းလေးထော် ခြေဖျားထောက်ပြီး သူ့ပါးကို အသာလေး လာကပ်သည့်ကောင်လေးဘက် ရုတ်တရက် မျက်နှာလှည့်လိုက်တော့ သူတို့နှုတ်ခမ်းချင်း အသားတကျ ထိစပ်လို့။
သူ့ဘက်က ခန္ဓာကိုယ်ချင်း ပိုနီးအောင် ဖက်ထားတော့ သူ့အင်္ကျီ ခါးနားကို ဆွဲကိုင်ထားတဲ့ လက်လေးတွေကလည်း ပိုတင်းကြပ်လာသည်။ နှစ်နှစ်ကျော် ဝေးကွာခဲ့တဲ့ ဒီနှုတ်ခမ်းလေးတွေရဲ့ အိစက်မှုက သူ့ကို မျက်ရည်တွေပါ ဝဲတက်လာစေသည်။

ဝိုင်စက်ရုံထဲက အနမ်းတွေက ဝိုင်အငွေ့အသက်တွေမပါသော်လည်း သူတို့နှစ်ယောက်လုံးကို အချိန်အတော်ကြာအောင် ယစ်မူးမှုကို ပေးစွမ်းနိုင်သည်။ ကိုကို ဘယ်လောက် လွမ်းခဲ့ရလဲ ကလေးလေးရယ်။

Red String of FATEМесто, где живут истории. Откройте их для себя