အပိုင်း ၈

Start from the beginning
                                    

"ဒေါက်တာ၊ ခွဲစိတ်မှုက ဘယ်တော့လုပ်မှာလဲ"  ဝူထုန် ရဲ့ ဒုတိယအဒေါ်က မေးခဲ့သည်။

“အားလုံးအဆင်ပြေတယ်ဆိုရင် ဒီအပတ်မှာ ခွဲစိတ်မှုလုပ်လို့ရမယ် ” ဆရာဝန်က တုံ့ပြန်ခဲ့သည်။

"အဲ့​လောက်​မြန်​လား "  ဝူထုန်ရဲ့ ဒုတိယ အဒေါ်က ဝေဖန်ပိုင်းခြားဖို့ မလွယ်နေခဲ့ပေ။

"လူနာရဲ့ လက်ရှိအခြေအနေက ကတိပေးလို့မရတဲ့အတွက် မမြန်လို့မရဘူး"  ဆရာဝန်က အခြားအလုပ်များကို လုပ်ရန် မထွက်ခွာမီ နောက်ထပ် ညွှန်ကြားချက် အနည်းငယ် ပေးခဲ့သည်။

ဝူထုန်က သူမ မောင်လေးကို လူနာဆောင်ဆီ ပြန်ပို့ပေးခဲ့သည်။ သူမ ဒုတိယဦးလေး မိသားစု မထွက်ခွာမီတွင် ညနေပိုင်း သူတို့အိမ် လာလည်ဖို့ ဝူထုန်ကို ဖိတ်ခဲ့သည်။  ဝူထုန်က ဖိတ်ခေါ်ချက်ကို အများကြီးမစဥ်းစားဘဲ လက်ခံကာ ခေါင်းညိတ်ပြလိုက်သည်။

••••

ည ၈း၀၀ ၌။  သူတို့ ဝူထုန်ရဲ့ ဒုတိယဦးလေး၏ အိမ်ကြီးရဲ့ဧည့်ခန်းအတွင်း ရှိနေကြသည်။

ဝူထုန်က သူမ၏ တစ်ဖက်ခြမ်းတွင် ထိုင်နေသော သူမ ဒုတိယ အဒေါ်နဲ့ ဦးလေးတို့ကို ကြည့်ရင်း မယုံနိုင်လောက်အောင် ဖြစ်နေခဲ့သည်။  "ဒုတိယဦးလေး၊ ဘာ... ဘာပြောလိုက်တာလဲ"

"ငါပြောတာမှတ်ထား ”ဝူထုန် ဒုတိယအဒေါ်ဖြစ်သူက "နင့်ရဲ့ဒုတိယဦးလေးရဲ့ကုမ္ပဏီမှာ ပြဿနာအနည်းငယ်ကြုံနေရတဲ့အတွက် ဒီအကျပ်အတည်းကိုဖြတ်ကျော်နိုင်ဖို့ ချင် မိသားစုလုပ်ငန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။  ဒါပေမယ့် သူတို့မှာက ချင် မိသားစုရဲ့ အကြီးဆုံးသားနဲ့ လက်ထပ်ရမယ်ဆိုတဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အခြေအနေတစ်ခုရှိတယ်။ ပြီးခဲ့တုန်းက အင်ပါယာ ဟိုတယ်မှာ ငါတို့ ဘလိုင်းဒိတ်လုပ်နေကြတာ”

"ဒါပေမယ့် အဲဒါက ကျွန်မနဲ့ ဘာဆိုင်လို့လဲ" ဝူထုန် အံ့သြစွာ မေးလိုက်သည်။

"ဘယ်လိုလုပ် နင်နဲ့ ဘာမှမဆိုင်ရမှာလဲ။ အဲ့နေ့က နင်ရုတ်တရက်ကြီး ဖြတ်မဝင်လာခဲ့ရင် ချင်မိသားစုရဲ့ အကြီးဆုံးသားက နင့်ကို မျက်စိကျနေမှာ မဟုတ်ဘူး။  သူက နင့်ကိုလက်ထပ်ချင်တယ်လို့ ရှင်းရှင်းလင်းလင်းပြောခဲ့တာပဲလေ ”

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ဘာသာပြန်)Where stories live. Discover now